မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Monday, November 28, 2011

ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာအဖြစ် ဗုဒ္ဓဘာသာ ရွေးချယ်ခံရတယ်ဆိုသောပိုစ့် လေးပါ

ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူပေင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံးဘာသာအဖြစ် (18-11-2011)ရက်နေ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် 200ကျော်က မဲပေးရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ “ဘာသာရေးခေါင်းဆောင်အများစုသည် မိမိတို့၏ ဘာသာများထက် ဗုဒ္ဓဘာသာကိုမဲပေးခဲ့ခြင်းသည် အလွန်ပင်အံ့သြဖွယ်ကောင်းခဲ့ကြောင်း” အဆိုပါ အဖွဲ့၏ ညွှန်ကြားရေးမှူး Mr.Jonna Hult က ပြောကြားခဲ့ပြီး “ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာတရားဘွဲ့ကို ဗုဒ္ဓဘာသာရရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဗုဒ္ဓဘာသာကြောင့် သွေးချောင်းမစီးခဲ့ပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံး အချက်ပါ” ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။ ဂျူးဘုန်းတော်ကြီး Shmuel Wasserstein က “ကျွန်တော်တို့ရဲ့ ဂျူးဒါလစ်ဇင်ကိုဘဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နေ့စဉ်ကျွန်တော်ဂျူးဘာသာအရ ၀တ်ပြုရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ ဂျူးဘာသာ အရ ၀တ်ပြုခြင်း မပြုခင်မှာ ၀ိပသနာတရားကို ကျင့်ကြံအားထုတ်ခဲ့တာ (၁၉၉၃)ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာကိုဘဲ မဲပေးခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အာဖရိကနိုင်ငံမျိုးကပင် ဗုဒ္ဓဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖူးစာရှင်လေးဆိုက်မှပြန်လည်ကူးယူပါသည်
 အားလုံးပျော်ရွင်ချမ်းမြေ့ ကြပါစေ

No comments:

Post a Comment