ရာသီရယ်ပြောင်းလို့  အလွမ်းတွေတောင်ဆွေးမြေ့ ခဲ့ ပြီ
ရွက်ဟောင်းရယ်ကြွေ ရွက်သစ်တွေလောင်းလို့ 
ရာသီအလှကို သဘာဝကဖန်တီးယူပြီး
ဆောင်းနှင်းဝေတဲ့ မနက်ခင်းတောင်ရောက်ခဲ့ ပြီပဲ
နှင်းရိုင်းတွေကိုအန်တုလို့  စတင်ခရီး
လျှောက်လှမ်းရင်းနဲ့ သတိရတယ်ဆိုတဲ့ 
စကားသံတစ်ဝက်က ငါ့ နှလုံးသားတောင်
ထိရှမိတယ် ခံစားချက်ကိုအရင်းတည်တဲ့ 
ငါ့ ရင်ခွင်က အပြုံးတစ်လက်ကိုဆင်မြန်းပြီး
အမုန်းမမြင်နိုင်တဲ့  အတ္တတွေတောင်
ပိုင်ဆိုင်တက်လာပြီလေ တစ်နေ့ ဆိုတဲ့ 
အချိန်လေးဟာ ငါ့ ဘဝကိုစိုးမိုးပေမဲ့ 
နောင်တဆိုတာကိုချန်လှပ်ထားလိုက်ပြီး
ယုံကြည့် ချက်ဆိုတဲ့ အသိတစ်ခုကြောင့် 
အမုန်းဒါဏ်ကိုမခံစားနိုင်တဲ့ ငါ့ ရင်ခွင်ဟာ
ငါ့ ၇ဲ့ အနာဂတ်လမ်းတွေကိုတောင်
ဖွင့် ဟနိုင်ဖို့ အင်းအားတွေမရှိခဲ့ ဘူးလေ
ဖြူစင်တဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ အတွက်
ရင်ဝယ်အလွမ်းကိုတော့ ...........
No comments:
Post a Comment