မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Wednesday, November 2, 2011

'နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဂါထာကို မည်သူ စတင်ရွတ်ဆို ရှိုခိုးခဲ့ပါသလဲ


"နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဂါထာကို စတင်ရွတ်ဆို ရှိခိုးသူဟာ သိပ်မကြာလှသေးပါဘူး။
ဒီ ကမ္ဘာကနေ ပြန်ရေတွက်လိုက်ရင် သိပ်မကြာလှသေးတဲ့ ဟို......၉၂ ကမ္ဘာထက်မှာ ဖုဿ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ် အဲဒီ ဖုဿ မြတ်စွာဘုရားရဲ့ ဖခမည်းတော်က မဟိန္ဒ မင်းကြီး တဲ့။


အဲ သူက " ငါ့သား ဘုရား၊ ငါ့သား ဘုရား" လို့ အမြဲ နှလုံးသွင်းပြီး
"မမေ၀ ဗုဒ္ဓေါ၊ မမေ၀ ဓမ္မော၊ မမေ၀ သံဃော၊ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"
လို့ အမြဲ ရွတ်ဆို ရှိခိုးလေ့ ရှိပါသတဲ့။ (ဓမ္မပဒ - အဌ၊ ပ၊ ၆၄)


အဓိပ္ပါယ်ကတော့ " ငါ၏ သာလျှင် ဘုရား၊ ငါ၏ သာလျှင် တရား၊ ငါ၏ သာလျှင် သံဃာ ပူဇော်အထူးကို ခံယူတော် မူထိုက်သော တရားအလုံးစုံကို အကုန်အစင် ကိုယ်ပိုင်ဥာဏ်ဖြင့် အမှန်အတိုင်း သိမြင်တော် မူထသော ထိုမြတ်စွာ ဘုရားအား ရှိခိုးပါ၏ အရှင်ဘုရား" လို့ ဆိုလိုပါတယ်။
ဒီ နမောတဿ ကို ရွတ်ဆိုရှိခိုးရာ မှာ ၉၂ ကမ္ဘာထက် က ဒီ မဟိန္ဒ မင်းကြီး ထက်ရှေးကျတဲ့ ပုဂ္ဂိုလ်
တော့ မရှိသေးဘူး လို့ ဆိုရမှာပါပဲ။ 
ဆောင်းပါးရှင်အရှင်ဝရသာမိ 
ပျော်ရွှင်ကြပါစေ

No comments:

Post a Comment