မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Monday, November 28, 2011

ငှက်ကလေးကပြောလိမ့်မယ်



ငှက်ကလေးရယ်
တွန်ကြူးသံလေးနဲ့ 
ကြင်ဖော်ကိုခေါ်ဆောင်နေတဲ့ 
မင်းရဲ့ အသွင်လေးဟာ
ငါ့ ရဲ့ ရင်မှာဖြစ်တည်နေတဲ့ 
လွမ်းဆွတ်ခြင်းတွေကို
နိုးဆွနေသလိုပါပဲကွယ်
အလွမ်းရယ်သာဖြစ်တည်ပြီး
ဟစ်မကြွေးနိုင်သေးတဲ့ 
ငါ့ နှလုံးသားလေးက
မင်းကိုအားကျနေမိတယ်
ငှက်ကလေးရေ..........
သူ့ အကြောင်းတွေးတိုင်း
တုန်လူပ်နေတဲ့ ငါ့ ရင်ဟာ
အမည်တွေမတပ်နိုင်တဲ့ 
ချစ်ခြင်းမေတ္တာတွေဆိုတာ
ငါ့ ရဲ့ နှလုံးသားလေးက
မြင်နေခဲ့ ပြီငှက်ကလေးရယ်
ချစ်နေပါတယ်ဆိုသော
စကားတစ်ခွန်းရဲ့ အနက်လေးကို
သူ့ ကိုတွေ့ တဲ့ အချိန်မှာ
ပြောပေးပါနော်..........

No comments:

Post a Comment