အာရုဏ်ဦးရဲ့ ရောင်ခြည်ဦးမှာ
နိုးကြားထကြွ ခြင်းနှင့် အတူ
နှင်းမြူတွေကရစ်သမ်းလို့ 
သာယာခြင်းမြင်းကွင်းတွေကို
သဘာဝကြီးကဖန်တီးယူပြီး
ငါ ကိုမြူဆွယ်ခဲ့ပေမဲ့ ဟန်မဆောင်နိုင်ခဲ့ တဲ့ 
ငါ့ရင်ထဲကအလွမ်းတွေဟာ
နှလုံးသားမှာရီဝေနေပြီး
ငိုကြွေးခြင်းပြုခဲ့ တယ်လေ
ယုံကြည်မှု့ မြင်ကွင်းကို
ငါ့ ဖန်တီးနိုင်ခဲ့ သော်လည်း
အနာဂတ်ပန်းချီကားလေးကို
ခံယူချက်မှင်ရည်တွေ နဲ့ 
ရေးဆွဲနေချိန်အတွင်းမှာ
မျော်လင့် မထားမိတဲ့ 
ပုံတူကားချပ်တွေကြောင့် 
ငါ့ ရဲ့ နှလုံးသားကို
ထိခိုက်မိပေမဲ့ 
အမုန်းမမြင်အ ပြုံးဆင်လို့ 
သံယောဇဉ်မှင်ရည်နဲ့ 
ရေးဆွဲအုံးမှာပါ.......ပျော်ရွှင်ကြပါစေနော်
No comments:
Post a Comment