အူအတက်ရောင် ရောဂါနှင့် ပါတ်သက်ပြီး သိသင့် သိထိုက်သော အရာများကို အမေးအဖြေဖြင့် ဖော်ပြပေးလိုက်ပါသည်။
မေး ။ ။ အူအတက်ရောင်ရောဂါဆိုတာ သေချာသွားပြီဆိုရင် ဘာလုပ်ပေးသင့်ပါသလဲ။
ဖြေ ။ ။ ရောဂါရာဇဝင် မေးမြန်းပြီးလူနာကို စမ်းသပ်တွေ့ရှိရမှုတွေနဲ့ မလုံလောက်သေးတဲ့အခါမှာတော့ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု၊ ပုံရိပ်ဖော် စမ်းသပ်မှုစတာတွေ ပြုလုပ်ပေးရပါတယ်။ ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုမှာတော့ Complete Picture ခေါ်တဲ့သွေးရဲ့ ဟေမိုဂလိုဘင်ရာခိုင်နှုန်း ( Haemoglobin Percent )၊ သွေးဖြူဥစုစုပေါင်း အရေအတွက်နဲ့ သွေးဖြူဥအမျိုးအစားအလိုက် အရေအတွက်အပြင် သွေးမွှားဥအရေအတွက်ကိုပါ စစ်ဆေးရပါတယ်။ ဟေမိုဂလိုဘင်ရာခိုင်နှုန်းကိုကြည့်ပြီး လူနာရဲ့ သွေးအားပြည့်ဝမှုအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါမှ ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ၊ မရှိ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သွေးဖြူဥ စုစုပေါင်း အရေအတွက်ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ရောင်ရမ်းနေပါက ပုံမှန်ပမာဏ ထက် များနေတတ်ပါတယ်။ သွေးဖြူဥ အမျိုးအစား အလိုက် စစ်ဆေးမှုကတော့ ရုတ်ခြည်း ရောင်ရမ်းမှုဖြစ်တာလား၊ နာတာရှည် ရောင်ရမ်းမှုလားဆိုတာ ခွဲခြားဖို့ဖြစ်ပါတယ်။ ရုတ်ခြည်း အူအတက်ရောင်ရောဂါမှာတော့ သွေးဖြူဥစုစုပေါင်း ပမာဏဟာ များနေသလို Neutrophil ဆိုတဲ့ သွေးဖြူဥအမျိုးအစားရဲ့ ရာခိုင်နှုန်းဟာ ပိုများနေတတ်တာမို့ ထိုလူနာဟာ အူအတက်ရောင် ရမ်းမှုရောဂါဖြစ်နေပြီဆိုတာ အခွင့်အလမ်းများနေပါတယ်။ ဝမ်းဗိုက်ကို အာလ်ထရာဆောင်း ဓာတ်မှန်ရိုက် စမ်းသပ်မှုမှာတော့ စက်နဲ့ စမ်းသပ်သူရဲ့ အရည်အသွေးပေါ်လိုက်ပြီး အူအတက်ရောင်ရမ်းမှုရှိ၊ မရှိကို သေချာစွာ သိရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်မှု တစ်မျိုးတည်းနဲ့တော့ အတည်ယူလို့မရဘဲ လူနာရဲ့ ရောဂါလက္ခဏာ၊ အခြေအနေတွေနဲ့ ဆက်စပ်ပြီး သုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ အူအတက်ဝန်းကျင်က အူတွေဟာ ရောင်ရမ်းမှုအရှိန်ကြောင့် ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ဖောင်းကားလာခြင်း ( Local lleus ) ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အထက်ပါ စမ်းသပ်စစ်ဆေးမှုတွေက ရောဂါဖြစ်ကြောင်း ညွှန်ပြနေပြီဆိုရင်တော့ အူအတက် ရုတ်ခြည်းရောင်ရမ်းမှု ရောဂါဖြစ်ဖို့ ၉၅ ရာခိုင်နှုန်းကျော် သေချာသလောက်ရှိပါတယ်။ ရာနှုန်းပြည့်သေချာပြီလို့ မဖော်ပြတာကတော့ ဆေးပညာလောကမှာ ရာနှုန်းပြည့် မှန်တယ်၊ မှားတယ်ဆိုတာ အလွန်ရှားပါးလှလို့ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ပြီးသော်လည်း အူအတက်ရောင်ရောဂါမှန်း မသေချာသေးပါက သမားတော်အနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။
ဖြေ ။ ။ အခြား ဆင်တူယိုးမှား ရောဂါတွေလည်း ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေ မပေါ်လာသေးတာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ Watch and Proceed မူကိုကျင့်သုံးပါတယ်။ ဒါကဘာလဲဆိုတော့ ရောဂါလက္ခဏာတွေ ထပ်ပေါ်လာသလား၊ ပျောက်သွားသလားဆိုတာ စောင့်ကြည့်စစ်ဆေးပါတယ်။ ရောဂါသက်သာ ကောင်းမွန်သွားပါက လူနာလည်း စိတ်ချမ်းသာပြီး၊ မိမိလည်းအလုပ်သက်သာသွားပါတယ်။ ဒါပေမယ့် မိမိမှာတော့