မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes
Tuesday, December 27, 2011
ဓမ္မစကြာသုတ်ပါဠိ
နမောတဿ ဘဂဝ တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ။
ဓမ္မ စကြာ အမွှန်း
(က) ဘိက္ခူနံ ပဉ္စ ဝဂ္ဂီနံ ၊
ဣသိပတန နာမကေ ၊
မိဂဒါယေ ဓမ္မဝရံ ၊
ယံ တံ နိဗ္ဗာ န ပါပကံ ။
(ခ)သဟမ္ပပတိ နာမကေန၊
မဟာဗြဟ္မေန ယာစိတော ၊
စတုသစ္စံ ပကာသေန္တော ၊
လောကနာထော အဒေသယိ ။
(ဂ)နန္ဒိတံ သဗ္ဗဒေဝေဟိ၊
သဗ္ဗသမ္ပတ္တိသာဓကံ ။
သဗ္ဗလောက ဟိတတ္ထာယ၊
ဓမ္မစက္ကံ ဘဏာမ ဟေ။
၁ - ဓမ္မစကြာ နိဒါန်း
ဧဝံမေသုတံ -
ဧကံ သမယံ ဘဂဝါ ဗာရာဏသီယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ ။
တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ -
၂ - အယုတ်တရား နှစ်ပါး
ဒွေ မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။
ကတမေ ဒွေ -
ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တ သံဟိတော၊
ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္တသံဟိတော။
၃ - အလယ်အလတ် အကျင့်တရား
ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
ကတမာ စသာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘီသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ ။
၎ - ဒုက္ခ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ ။
ဇာတိပိ ဒုက္ခာ ၊ ဇရာပိ ဒုက္ခာ ၊ ဗျာဓိပိဒုက္ခော ၊ မရဏံပိ ဒုက္ခံ ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ၊ ယံ ပိစ္ဆံ န လဘတိ ၊ တံပိ ဒုက္ခံ ၊ သံခိတ္တေန ပဉ္စုပါဒါ နက္ခန္ဓာ ဒုက္ခာ ။
၅ - သမုဒယ သစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ ။
ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြာတတြာ ဘိနန္ဒိနီ ။
သေယျထိဒံ -
ကာမ တဏှာ ဘဝတဏှာ ဝိဘဝတဏှာ ။
၆ - နိရောဓသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ ။
ယော တဿာယေဝ တဏှာယ အသေသ ဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော ။
၇ - မဂ္ဂသစ္စာ
ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ ။
အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ။
သေယျထိဒံ -
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။
၈ - ဒုက္ခ သစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၉ - ဒုက္ခသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၀ - ဒုက္ခသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၁ - သမုဒယသစ္စာ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခသမုဒယံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၂ - သမုဒယသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၃ - သမုဒယသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၄ - နိရောဓသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓံ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၅ - နိရောဓသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာ တဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၆ - နိရောဓသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ" န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၇ - မဂ္ဂသစ္စာ ၌ သစ္စဉာဏ်
" ဣဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စ " န္တိမေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၈ - မဂ္ဂသစ္စာ ၌ ကိစ္စဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၁၉ - မဂ္ဂသစ္စာ ၌ ကတဉာဏ်
" တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ " န္တိ မေ ဘိက္ခဝေ ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံဥဒပါဒိ ၊ ပညာ ဥဒပါဒိ ၊ဝိဇ္ဇာ ဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။
၂၀ - ရှေးက ဘုရား ဖြစ်ကြောင်း ဝန်မခံခဲ့ပုံ
ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န သုဝိသုဒ္ဓံ အဟောသိ ။
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ " အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ " တိ ပစ္စညာသိံ ။
Sunday, December 25, 2011
ဆရာတော်များရဲ့ ဖုန်းနံပါတ်တွေပါ
ဗန်းမော်ဆရာတော် ၀၉၄၃၀၅၉၄၄၅
ဒေါက်တာနန္ဒမာလာဘိဝံသ ၀၁၆၅၀၇၀၅
သပိတ်အိုင် သီတဂူ ၀၉၅၁၉၉၉၉၁
မဇ္ဈိမဂုဏ်ရည် ဒေါက်တာကောဝိဒ ၀၁၅၄၇၁၃၁ ၀၉၅၀၂၂၉၈၆
သီတဂူကြယ်တစ်ပွင့် ၀၉၂၀၁၁၁၅၃ ၀၉၆၈၁၂၈၉၆
ဦးအဂ္ဂ ၀၉၅၀၅၅၈၃၈
ဓမ္မစေတီ ဦးကောသလ ၀၁၅၈၄၃၁၇
အရှင်ဇ၀န မေတ္တာရှင် ၀၉၅၁၉၃၁၃၄ ၀၉၈၆၁၂၈၃၉
ဇလွန် ဦးကောသလ္လ ၀၉၅၀၅၉၆၂၆
အရှင်ဒေ၀ိန္ဒာလင်္ကာရ ၀၉၈၆၁၆၂၂၆
အရှင်သောမ ၀၉၈၇၄၀၇၃၃
အရှင်ရဝေနွယ်(အင်းမ) ၀၉၅၁၂၈၅၈၇
ရွှေပြည်ဟိန်း ဆရာတော် ၀၉၅၄၁၄၉၃
ဆင်ဖြူတောင် ဆရာတော် ၀၁၅၄၀၈၅၀ ၀၁၅၁၄၂၄၆၁
FMIအရှင်ဝါသ၀ ၀၁၅၈၇၆၃၀
ပြည်တော်ဦးအရှင်ပဏ္ဍိစ္စ ၀၉၉၉၂၄၃၄၃
ကသာဦးပညာသာမိ ၀၉၆၈၁၅၅၂၆
ဓမ္မဒူတဦးပညာဝရ ၀၉၈၇၂၀၂၀၈
ဒေါက်တာစန္ဒာဝရ ၀၉၈၅၈၁၆၇၅
ဓမ္မဒူတအရှင်ဆေကိန္ဒ ၀၉၅၀၁၅၀၂၄
ဦးတေဇနိယ ၀၉၅၁၄၃၃၂၇
ဓမ္မဘေရီဆရာတော် ၀၉၂၀၂၆၀၃၁
ဦးတေဇောသာရ ၀၉၅၃၀၁၄၆၅
ဦးသုမင်္ဂလ ဒယ်အိုး ၀၉၈၇၃၀၁၄၀
ဦးဝိစာရ ၀၉၂၀၂၅၈၃၄
ဦးသုမင်္ဂလ(ဝေါ) ၀၉၅၀၄၄၂၂၆
ဦးသုန္ဒရ(ဇေယျဝတီ) ၀၁၅၁၇၈၇၇
ဦးဝါသေဌ ၀၁၇၂၄၂၄၉
ကော့သောင်းဦးဝါယမ ၀၁၅၆၄၅၁၆၁
ဓမ္မဒူတ ဦးဝိမလ ၀၉၈၆၂၂၈၅၈
ဖြူးဦးအဂ္ဂ ၀၉၅၃၉၀၄၁၇
ဦးဣန္နက ၀၉၅၀၁၈၀၈၅
သီတဂူဦးဣန္နက ၀၉၄၉၂၂၉၀၂
ဦးဣန္ဒြာစရိယ ၀၁၅၀၅၉၄၁
သီတဂူ ဦးကတ္တိ ၀၉၂၀၂၄၂၀၁
ဦးသ၀ိဓဇာလင်္ကာရ(မျိုးသာကီ) ၀၉၂၁၁၀၄၈၇
မေတ္တရှင်ဖောင်ဒေးရှင်း ဦးကောဝိဒ စစ်ကိုင်း ၀၉၂၁၁၀၂၀၂
ခင်မကန် ဦးခေမိန္ဒ ၀၉၅၀၆၃၈၁၆
အောင်လံ ဦးကုသလ ၀၉၄၃၀၄၉၃၈၁
ဦးမန္ဒလ ၀၉၄၉၇၆၁၀၅၉
ဦးနန္ဒမဉ္ဇူ ၀၉၄၉၃၀၀၅၆၃
သစ္စာရွှေစည် ဦးဥတ္တမ ၀၉၇၃၅၀၂၁၅၀
ဦးသုနန္ဒ ၀၂၅၅၂၅၅
ဦးဇာဂရ ၀၉၄၉၂၅၂၉၈၈၃
ရွှေကျင်သာသနာပိုင် ဘဒ္ဒန္တအဂ္ဂိယ ၀၂၃၉၇၀၇
ရွှေတိဂုံ သြ၀ါဒစရိယ ဘဒ္ဒန္တသောဘဏ ၀၉၅၁၃၄၅၉၈
ဘဒ္ဒန္တသြ၀ဓါဘိဝံသ ၀၉၈၅၄၀၃၈၉
မြသိန်းတန် ဘဒ္ဒန္တသောဘဏ ၀၁၂၉၁၈၀၁
မြတောင်ကျောင်းဘဒ္ဒန္တသောဘဏာဘိဝံသ ၀၂၃၉၇၀၇
ပေါက်မြိုင်ကျောင်းတိုက်ဘဒ္ဒန္တအဂ္ဂ၀ံသဘိဝံသ ၀၂၆၃၁၀၁
မေးလ်ထဲမှာပြန်လဲမျှဝေပါသည်
 ပျော်ရွှင်ချမ်းမြည့် ပါစေ
သြကာသ ကန်တော့ချိုးမှ သိမှတ်ဖွယ်ရာရာများ
“သြကာသ” ဟူသည်မှာ “ရှိခိုးပါရစေ၊ ခွင့်ပြုတော်မူပါ” ဟုဆိုသောစကား။ ပိုမိုလေးနက်စေရန် သုံးကြိမ်ရွတ်ဆိုသည်။
ကံသုံးပါးဟူသည်မှာ ကိုယ်ဖြင့် ပြုအပ်သော အမှု “ကာယကံ”၊ နှုတ်ဖြင့် ပြုအပ်သော အမှု “မနောကံ” နှင့် စိတ်ဖြင့်ပြုအပ်သော အမှု “၀စီကံ” ဟူသတည်း။
အပါယ်ဟူသည်မှာ “အပါယ” ဟူသော ပါဠိမှ ဆင်းသက်သည်။ အပါယ်လေးပါးဟူသည်ကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသတတ်။
ကပ်သုံးပါးဆိုသည်မှာ
(၁) သတ္တန္တရကပ် - တုတ်၊ ဓား၊ သေနတ်စသော လက်နက်အားဖြင့် ပျက်စီးရသော ခောတ်ကာလ။
(၂) ရောဂန္တရကပ် - ကျောက်ရောဂါ၊ ၀မ်းရောဂါစသော ရောဂါအားဖြင့် သေကြေပျက်စီးရသော ခောတ်။
(၃) ဒုဗ္ဘိက္ခန္တရကပ် - ငတ်မွတ်ခေါင်းပါး အစာရှား၍ သေကြေပျက်စီးရသော ခောတ်။
ရပ်ပြစ်ရှစ်ပါးဟူသည်ကား
၁-၂-၃။ ဘုရားပွင့်တော်မူနေစဉ် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ(အသူရကာယ်ကား ပြိတ္တာဘုံတွင် ထည့်ရေသည်) ဟူသော အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၎။ ဘုရားရှင်ပွင့်တော်မူစဉ် အသက်ရှည်သော အသညသတ်ဘုံနှင့် အရူပဘုံ၌ ဖြစ်နေရခြင်း (အသညသတ်ဗြဟ္မာများသည် ရုပ်ခန္ဓာသာရှိ၍ စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများသည် စိတ်ဝိညာဉ်သာရှိ၍ ရုပ်မရှိ၊ ထို့ကြောင့် သူတို့သည် ဘုရားကိုလည်း မဖူးနိုင် တရားကိုလည်း မနာနိုင်ကြပေ)
၅။ ပစ္စန္တရစ်ခေါ်သော ပြည်နယ်စွန်းများနှင့် လူရိုင်းများ၏ အရပ်ဒေသ၌ ဖြစ်နေရခြင်း။
၆။ ဘုရားရှင်ပွင့်တော်မူနေစဉ် မိစ္ဆာဒိဌိဖြစ်နေရခြင်း။
၇။ ဘုရားရှင်ပွင့်တော်မူနေစဉ် တရားကို သိနိုင်လောက်သည့် ဥာဏ်မရှိဘဲ ထူထူ အအ ဖြစ်နေရခြင်း။
၈။ မဇ္ဈိမဒေသ၀ယ် တတ်သိနားလည်သည့် ဥာဏ်ရှိသူဖြစ်သော်လည်း ဘုရားမပွင့်သောအခါ၌ လူဖြစ်ရခြင်း။
Monday, December 12, 2011
ရင်မှာပျိုးတဲ့ ပန်း
အပြုံးရယ်ချိုအလွမ်းရယ်ပိုလို့ 
ရင်မှာဝှက်ထားချစ်စကားကို
အတွေးရယ်ဘဝရင်ဝယ်ထားလို့ 
သူ့ ထံကမ်းလှမ်းအနာဂတ်ပန်းကို
နွမ်းနေပြီလို့ ထင်ရက်တယ်ကွယ်
ရင်မှဒါဏ်ရာမင်းမြင်လျက်နဲ့ 
ကွဲကြေနှလုံးကိုကြည့် ရက်တယ်
အချစ်အားတွေပြိုင်ဆိုင်မှု့ ကြောင့် 
သံသယအတွေးငါပြောမိလို့ 
မင်းနှလုံးမှာထင်ကျန်နေလဲ
ရင်မှာစိုက်ပျိုးအနာဂတ်ပန်းကို
မင်းအတွက်ထာဝရပျိုးခဲ့ လို့ 
ရင်မှာကွဲကြေဖြစ်လို့ နေလဲ
နှလုံးသားနဲ့ သွင်းလုပ်ထားတဲ့ 
အကြင်နာဓါးတစ်လက်ကို
တစ်သက်တာမင်းခူးဆွတ်ဖို့ 
အမုန်းမပျက်အပြုံးလက်နဲ့ 
ထာဝရအပ်နှင်းလိုက်ပါ့ မယ်
မင်းကျေနပ်မယ်မဟုတ်လား
Friday, December 9, 2011
ဗုဒ္ဓဘာသာတိုင်းသိသင့်သော ဘုရားရှိခိုး
သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။
အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။
Diabetes ဆီးချိုရောရှင်များအတွက်ဆောင်ရန်နဲ့ ရှောင်ရန်လေးများ
ဆီးချို-သွေးချိုရောဂါ Diabetes mellitus (Diabetes) ဆိုတာ အနည်းဆုံး( ၃ )မျိုးရှိတယ်။
1. ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
2. (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။
3. ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။
(၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာ များတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲ ရှိတယ်။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်။
ဆီးချိုကို မကုဘဲထားရင် သကြားဓါတ် နည်းလွန်းသွားတာ နဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တာတွေပါ။ ရေရှည်ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။
ဆီးချိုကိုကုတာမှာ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။
ကုသရတာ ရေရှည်ပါ။ သွေးထဲက အချိုဓါတ်ကို ပုံမှန်မှာ ရှိနေအောင် လုပ်ပေးနေရတာ ဖြစ်ပါတယ်။
အစားအသောက်ထိန်းတာ နဲ့ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေး နဲ့ လိုသေးရင်တော့ ထိုးဆေး ပေးရတယ်။ တချိန်တည်းမှာ လူနာကို ဆီးချိုအကြောင်း သိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ Lifestyle နေထိုင်မှုဘဝကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။
ဆီးချိုရောဂါဝေဒနာရှင်များအတွက် အကြမ်းအားဖြင့် အဓိက အစာအုပ်စု(၃)မျိုးကို စားသုံးသင့်သည်။
1. လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာ နဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
2. အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊
3. ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။
Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
ကွန်ပြူတာသုံးပြီး အလုပ်လုပ်ရသူပါ။ မျက်မှန်လည်း တတ်ပါတယ်။ ဒါပေမယ့် မျက်လုံးက ပိုအားနဲနဲ လာတယ် ထင်တယ် ခင်ဗျ။ အဲဒါ ဆေးအများကြီး မသုံးပဲ အစားအသောက်နဲရော ကုလို့ ရနိုင်ပါသလား ခင်ဗျာ။
တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။
မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6. မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7. မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8. မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။
Monday, December 5, 2011
လျို့ ဝှက်နှလုံးသား
အချစ်ဆိုတာဘာလဲ
မေးခွန်းကိုသံယောင်လိုက်
နာကျင်အပြုံးကိုဖန်တီး
အလွမ်းဆိုသည့် အတွေးနဲ့ 
မပီပြင်နှလုံးသားကို
မင်းရဲ့ ရင်ထဲမှာ
သိုဝှက်ထားပြီးလား
အနာဂတ်လမ်းကိုတီထွင်
မျော်လင့် ချက်ကိုတမ်းတ
အတွေး၇ယ်တစ်ဘဝနဲ့ 
အမည်မဖြစ်သေးတဲ့ 
ခံစားချက်တိုင်းကို
အချစ်လို့ သတ်မှတ်လား
နှလုံးသားကိုအရင်းတည်
သတိမလွှမ်းနိုင်သေးတဲ့ 
ဥာဏ်မာနတွေတိုင်းကို
အလွမ်းဟုခေါ်ဆိုပြီး
တစ်သက်အရှုးံလို့ ဆို
ရင်ထဲမှာပြစ်ချက်မှတ်
မင်းရဲ့ နှလုံးသားကို
ဒါဏ်ခတ်လိုက်ပြီလား
ခရီးအဆုံးမှာတော့ 
အချစ်ဆိုသည်မှာ
ဖန်တီးလို့ မရနိုင်တဲ့ 
ရင်တွင်းခံစားမှု့ လို့ 
ငါထင်မိလိုက်တယ်
Saturday, December 3, 2011
ZoneAlarm Free Firewall 2012
အင်တာနက်အသုံးပြုသူများဘာကောင်တွေညာကောင်တွေမဝင်အောင်
 တားဆီးပေးတဲ့ ဆော့ စ်ဝဲလ်လေးပါဖိုင်ဆိုက်ကတော့ 4.82MBပဲရှိပါတယ်
သူကိုရမ်းပြီဆိုရင်တော့userနဲ့ Emailလေးတော့ ထည့် ပြီးတော့ nextပေါ့ နော်
 သုံးကြည့် ပါနော်အဆင်ပြေကြပါစေဗျာ
ဒေါင်းလော့ ကိုဒီမှာသွားယူနိုင်ပါတယ်
အားလုံးပျော်ရွင်ချမ်းမြေ့ ကြပါစေ
ဆရာတော်ဥုးသုမင်္ဂလ ဟောကြားဆုံးမတော်မူသောတရားတော်များ
ဗုဒ္ဓကမ္ဘာမှတင်ဆက်လှူဒါန်းအပ်ပါသည်..http://buddhismworld.ning.com
ပျော်ရွှင်ချမ်းမြေ့ ပါစေ
လေးဖက်နာ၊ အဆစ်ရောင်ရောဂါရှင်များအသုံးပြုနိုင်ရန်အတွက်လိမ်းဆေးဆေးနည်းပါ
(၁)မင်သော်(ပရုတ်အေး)  ၁ကျပ်သား
(၂) ပရုတ်           …….  ၁ကျပ်သား
(၃) လေးညှင်း     …..  ၁ကျပ်သား
(၄) ဇာတိပ္ဖိုလ်သီးမှုန့်   ၃ကျပ်သား
(၅)ချင်း(ဂျင်း)သတ္တုရည် ၅ကျပ်သား
(၆) နနွင်း သတ္တုရည်     ၅ကျပ်သား
(၇) ဂမုန်းတိမ်ပြာ သတ္တုရည် ၅ကျပ်သား
(၈) မိဿလင် သတ္တုရည်   ၅ကျပ်သား
(၉) တောအရက်   ၁ပုလင်း
ဤဆေး(၉)မျိုး၊ ဆေးချိန် (၂၆)ကျပ်သား နှင့် တောအရက်(၁)ပုလင်း တို့ကို သမအောင်  ရောစပ်ပြီး
လေလုံပုလင်းနှင့် ထားပါ။ လေးဖက်နာရောဂါ အဆစ်ရောင်၊ အဆစ်ကိုက် ရောဂါရှင်များ နံနက်၊ည တစ်နေ့(၂)
ကြိမ် ပုလင်းကို လှုပ်ပြီး လိမ်းပါ။ သက်သာ ပျောက်ကင်းစေပါတယ်။
လေးဖက်နာရောဂါသောက်ဆေး
ဆေးနည်း…….
(၁)လေးညှင်း    …….၄ပဲ
(၂)ဇာတိပ္ဖိုလ်သီးအဆန်  …..၄ပဲ
(၃)ပန်းနု   …..  ၈ပဲ
(၄) ပန်းမ  ….  ၈ပဲ
(၅) ဖာလာ  ..  ၈ပဲ
(၆) ကတ္တရသင်္ချေ   …  ၈ပဲ
(၇) စေးမခန်း  ….  ၈ပဲ
(၈) ရိုးတံ   ……  ၈ပဲ
(၉) ဆေးပုစွန်တုပ် ….. ၈ပဲ
(၁၀) ချောင်းကြား  …  ၈ပဲ
(၁၁) နံ့သာဖြူ   …..၅ကျပ်သား
(၁၂) နံ့သာနီ  …..  ၅ကျပ်သား
(၁၃) သကြားခဲ  …. ၅ကျပ်သား
(၁၄) စန္ဒကူးနီ   ….  ၅ကျပ်သား
(၁၅) ကံ့ကော်ဝတ်ဆံ   ….. ၅ကျပ်သား
အထက်ပါဆေးများကို  အမှုန့်ပြုလုပ်ပြီး  သမအောင် စုပေါင်း ရောစပ်ပါ။  လေလုံပုလင်းနဲ့  ထားပါ။
တစ်နေ့ (၃)ကြိမ်သောက်ပါ။  နံနက်၊နေ့လယ်၊ညနေ   ရေနွေး(သို့) ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပါ။
တစ်ခါသောက်လျှင်  လက်ဖက်ရည်ဇွန်း  တစ်ဇွန်း  သောက်ပါ။
အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေ
သံဃဂုဏ်တော်(၉)ပါး
၁။ သုပ္ပဋိပန္နော                           = အကျင့်မြတ်ကို ကောင်းစွာ ကျင့်ကြံတော်မူပါပေသော
                                                 အရိယာသံဃာတော်၊
၂။ ဥဇုပ္ပဋိပန္နော                          = အကျင့်မြတ်ကို ဖြောင့်မတ်မှန်ကန်စွာ ကျင့်ကြံတော်
                                                 မူပါပေသော အရိယာသံဃာတော်၊
၃။ ဥာယပ္ပဋိပန္နော                          နိဗ္ဗာန်အကျိုးငှာသာ ကျင့်ကြံတော် မူပါပေသော
                                                 အရိယာသံဃာတော်၊
၎။ သာမီစိပ္ပဋိပန္နော                     = ရိုသေမှုနှင့် လျော်ကန်အောင် ကျင့်ကြံတော်မူပါပေသော
                                                အရိယာသံဃာတော်၊
၅။ အာဟုနေယျော                      = အဝေးမှဆောင်ယူပြီး လှူဒါန်းအပ်သော ပစ္စည်း ၀ထ္တုတို့ကိုလည်း
                                                 ကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်၊
၆။ ပါဟုနေယျော                        = ဧည့်သည်အလို့ငှာ စီမံထားအပ်သော ပစ္စည်းဝထ္တုတို့ကိုလည်း
                                                ကောင်းစွာခံတော်မူတတ်ပါပေသော အရိယာသံဃာတော်၊
၇။ ဒက္ခိဏေယျော                      = တမလွန်ဘ၀အတွက် ရည်မှန်းလျက် လှူဒါန်းအပ်သော
                                                အလှူကောင်း အလှူမွန်တို့ကိုလည်း ကောင်းစွာ ခံယူတော်
                                                မူတတ်ပါပေသော အရိယာသံဃာတော်၊
၈။ အဉ္ဇလိကရဏီယော                = လက်အုပ်ချီမိုး ရှိခိုးခြင်းငှာလည်း ကောင်းစွာခံယူတော်
                                                မူထိုက်ပါပေသော အရိယာသံဃာတော်၊
၉။ အနုတ္တရံပုညက္ခေတ္တံလောကဿ = လောကသားတို့၏ ကုသိုလ်ကောင်းမှု မျိုးစေ့စုကို စိုက်ပျိုးကြဲချရာ
                                                 လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူအပ်ပါပေသော
                                                 အရိယာသံဃာတော်၊
တရားဂုဏ်တော်(၆)ပါး
၁။ သွက္ခာတော                     = အစ အလယ် အဆုံး သုံးပါး၌ ကောင်းခြင်းဂုဏ်နှင့်
                                            ပြည့်စုံတော်မူပါပေသော တရားတော်၊
၂။ သန္ဒိဌိကော                      = မိမိတို့ကိုယ်တိုင်ကိုယ်ကျ ရှုမြင်အပ် သိမြင်အပ်ပါပေသော
                                            တရားတော်၊
၃။ အ ကာလိကော                 = အချိန်မရွေး ကာလမရွေး အကျိုးပေးတတ်ပါပေသော တရားတော်၊
၎။ ဧဟိပဿိကော                 = လာပါ ရှုပါ စုံစမ်းပါဟု ဖိတ်ခေါ်ခြင်းငှာ ထိုက်တော်မူပါပေသော
                                            တရားတော်၊
၅။ သြပနေယျိကော                = မိမိတို့၏စိတ်၌ အမြဲဆောင်ထား ကပ်ထားခြင်းငှာ
                                            ထိုက်တော်မူပါပေသော တရားတော်
၆။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ  = မဂ်ပညာရှိသူ ဖိုလ်ပညာရှိသူတို့သည် မိမိတို့၏ မဂ်ဥာဏ်
                                            ဖိုလ်ဥာဏ်တို့ဖြင့် အသီးသီးကိုယ်ပိုင် ကိုယ်တိုင်သိအပ်
                                            ခံစားအပ်ပါပေသော တရားတော်၊
ဘုရားဂုဏ်တော်(၉)ပါး
၁။ အရဟံ                             = လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို
                                             ခံတော်မူပါပေသော မြတ်စွာဘုရား၊
၂။ သမ္မာသမ္ဗုဒ္ဓေါ                     = တရားအလုံးစုံကို ကောင်းမွန်မှန်ကန်စွာ ကိုယ်တော်တိုင်
                                              သိတော်မူသော မြတ်စွာဘုရား၊
၃။ ၀ိဇ္ဇာစရဏ သမ္ပန္နော             = အသိဝိဇ္ဇာ အကျင့်စရဏတို့နှင့် ပြည့်စုံတော်မူပါပေသော
                                              မြတ်စွာဘုရား၊
၎။ သုဂတော                          = ကောင်းသောစကား ကောင်းသောတရားတို့ကို
                                             ဆိုတော်မူတတ်ပါပေသော မြတ်စွာဘုရား၊
၅။ လောက၀ိဒူ                        = လောကသုံးပါးကို သိတော်မူတတ်ပါပေသော မြတ်စွာဘုရား၊
၆။ အနုတ္တရောပုရိသဒမ္မသာရထိ  = ဆုံးမသင့် ဆုံးမထိုက်သော သတ္တ၀ါတို့ကို ဆုံးမတော်မူရာ၌
                                             အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူပါပေသော မြတ်စွာဘုရား၊
၇။ သထ္တာဒေ၀မနုဿာနံ           = လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ ဆရာဖြစ်တော်မူပါပေသော
                                             မြတ်စွာဘုရား၊
၈။ ဗုဒ္ဓေါ                                = သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်လည်းသိ၊ သတ္တ၀ါတို့ကိုလည်း
                                              သိစေတော်မူပါပေသော မြတ်စွာဘုရား၊
၉။ ဘဂ၀ါ                               = ဘုန်းတော် ကံတော် ကုသိုလ်တော်တို့နှင့် ပြည့်စုံတော်မူပါပေသော
                                               မြတ်စွာဘုရား၊
Tuesday, November 29, 2011
အများဆုံးပြဿနာပေးတဲ့ အူအတက်ရောင်ရောဂါ
အူအတက်ရောင်ရောဂါ
အူအတက်ရောင် ရောဂါနှင့် ပါတ်သက်ပြီး သိသင့် သိထိုက်သော အရာများကို အမေးအဖြေဖြင့် ဖော်ပြပေးလိုက်ပါသည်။
မေး ။ ။ အူအတက်ရောင်ရောဂါဆိုတာ သေချာသွားပြီဆိုရင် ဘာလုပ်ပေးသင့်ပါသလဲ။
  ဖြေ ။ ။ ရောဂါရာဇဝင် မေးမြန်းပြီးလူနာကို စမ်းသပ်တွေ့ရှိရမှုတွေနဲ့ မလုံလောက်သေးတဲ့အခါမှာတော့ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု၊ ပုံရိပ်ဖော် စမ်းသပ်မှုစတာတွေ ပြုလုပ်ပေးရပါတယ်။ ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုမှာတော့ Complete Picture ခေါ်တဲ့သွေးရဲ့ ဟေမိုဂလိုဘင်ရာခိုင်နှုန်း ( Haemoglobin Percent )၊ သွေးဖြူဥစုစုပေါင်း အရေအတွက်နဲ့ သွေးဖြူဥအမျိုးအစားအလိုက် အရေအတွက်အပြင် သွေးမွှားဥအရေအတွက်ကိုပါ စစ်ဆေးရပါတယ်။ ဟေမိုဂလိုဘင်ရာခိုင်နှုန်းကိုကြည့်ပြီး လူနာရဲ့ သွေးအားပြည့်ဝမှုအခြေအနေကို သိရှိနိုင်ပါတယ်။ ဒါမှ ခွဲစိတ်မှုကို ခံနိုင်ရည်ရှိ၊ မရှိ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ သွေးဖြူဥ စုစုပေါင်း အရေအတွက်ကတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ရောင်ရမ်းနေပါက ပုံမှန်ပမာဏ ထက် များနေတတ်ပါတယ်။ သွေးဖြူဥ အမျိုးအစား အလိုက် စစ်ဆေးမှုကတော့ ရုတ်ခြည်း ရောင်ရမ်းမှုဖြစ်တာလား၊ နာတာရှည် ရောင်ရမ်းမှုလားဆိုတာ ခွဲခြားဖို့ဖြစ်ပါတယ်။ ရုတ်ခြည်း အူအတက်ရောင်ရောဂါမှာတော့ သွေးဖြူဥစုစုပေါင်း ပမာဏဟာ များနေသလို Neutrophil ဆိုတဲ့ သွေးဖြူဥအမျိုးအစားရဲ့ ရာခိုင်နှုန်းဟာ ပိုများနေတတ်တာမို့ ထိုလူနာဟာ အူအတက်ရောင် ရမ်းမှုရောဂါဖြစ်နေပြီဆိုတာ အခွင့်အလမ်းများနေပါတယ်။ ဝမ်းဗိုက်ကို အာလ်ထရာဆောင်း ဓာတ်မှန်ရိုက် စမ်းသပ်မှုမှာတော့ စက်နဲ့ စမ်းသပ်သူရဲ့ အရည်အသွေးပေါ်လိုက်ပြီး အူအတက်ရောင်ရမ်းမှုရှိ၊ မရှိကို သေချာစွာ သိရှိနိုင်ပါတယ်။ အဲဒီစမ်းသပ်မှု တစ်မျိုးတည်းနဲ့တော့ အတည်ယူလို့မရဘဲ လူနာရဲ့ ရောဂါလက္ခဏာ၊ အခြေအနေတွေနဲ့ ဆက်စပ်ပြီး သုံးသပ်ဆုံးဖြတ်ရမှာဖြစ်ပါ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်ရာမှာတော့ အူအတက်ဝန်းကျင်က အူတွေဟာ ရောင်ရမ်းမှုအရှိန်ကြောင့် ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ဖောင်းကားလာခြင်း ( Local lleus ) ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အထက်ပါ စမ်းသပ်စစ်ဆေးမှုတွေက ရောဂါဖြစ်ကြောင်း ညွှန်ပြနေပြီဆိုရင်တော့ အူအတက် ရုတ်ခြည်းရောင်ရမ်းမှု ရောဂါဖြစ်ဖို့ ၉၅ ရာခိုင်နှုန်းကျော် သေချာသလောက်ရှိပါတယ်။ ရာနှုန်းပြည့်သေချာပြီလို့ မဖော်ပြတာကတော့ ဆေးပညာလောကမှာ ရာနှုန်းပြည့် မှန်တယ်၊ မှားတယ်ဆိုတာ အလွန်ရှားပါးလှလို့ ဖြစ်ပါတယ်။  
မေး ။ ။ အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ပြီးသော်လည်း အူအတက်ရောင်ရောဂါမှန်း မသေချာသေးပါက သမားတော်အနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ။
ဖြေ ။ ။ အခြား ဆင်တူယိုးမှား ရောဂါတွေလည်း ဖြစ်နိုင်သလို ရောဂါလက္ခဏာတွေ မပေါ်လာသေးတာလည်း ဖြစ်နိုင်ပါတယ်။ စာရေးသူ အနေနဲ့ကတော့ Watch and Proceed မူကိုကျင့်သုံးပါတယ်။ ဒါကဘာလဲဆိုတော့ ရောဂါလက္ခဏာတွေ ထပ်ပေါ်လာသလား၊ ပျောက်သွားသလားဆိုတာ စောင့်ကြည့်စစ်ဆေးပါတယ်။ ရောဂါသက်သာ ကောင်းမွန်သွားပါက လူနာလည်း စိတ်ချမ်းသာပြီး၊ မိမိလည်းအလုပ်သက်သာသွားပါတယ်။ ဒါပေမယ့် မိမိမှာတော့ 
ဘုရားဖြစ်တော်မူသည့် ဗုဒ္ဓ၀င် အကျဉ်းနှင့် ပုံတော်များ
ဗုဒ္ဓဘုရားရှင် ဗျာဒိတ်တော်ခံယူသည်မှအစ တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူပှုံ များကို သရုပ်ဖော်ပုံ ရှင်းလင်းစာများနှင့်အတူ ဖော်ပြပါမည်။
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
Monday, November 28, 2011
လိုတရဂါထာများ(သို့) သရဏဂုံသုံးပါး၏တန်ဘိုး
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓံ= သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကျန ကိုယ်တော်တိုင် သိရ၍ ဝေနေယျများစွာ သတ္တဝါတို့အား ဟောကြားသိစေတော်မူသော မြတ်စွာဘုရားကို သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ=ယုံကြည် သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
ဓမ္မံ=မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို၊သရဏံ=ဘေးရန်ပယ် ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောင့်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ= ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ၊အရှင်ဘုရား။
သံဃံ=သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို၊သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ=ယုံကြည်သိ မှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
နမော တဿ ဘုရားရှိခိုးပြီးလျှင် သရဏဂုံသုံးပါး ခံယူရပါတယ်။အဲဒီ နမောတဿတို့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိတို့ သည် သုံးမကုန်တဲ့ ရတနာထုပ်ကြီးများဖြစ်ကြပါတယ်။ရတနာကို ရတနာမှန်းမသိကြတဲ့အတွက် တန်ဖိုးကို နားမလည်ဖြစ်နေကြတာပါ။တရားဆိုတာ အဝေးကြီးမှာ ရှာရတယ်ထင်ပြီး ပင်စင်ရမှ၊သားသမီးတွေအတွက် စိတ်အေးရမှ စားရေး သောက်ရေး နောက်ပိုင်းအေးမှစသည်ဖြင့် ဟိုရွှေ့ ဒီရွှေ့ ရွှေ့နေတတ်ကြပါတယ်။ မရဏဓမ္မ သေခြင်းတရားဆိုတာ အစိုးမရတဲ့အတွက် ဟိုရွှေ့ ဒီရွှေ့ ရွှေရင်း တရားအားမထုတ်လိုက်ရဘဲ သေမင်းနောက် လိုက်သွားရတဲ့ သူတွေကများပါတယ်။ဒါကြောင့် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း အလုပ်ဖြစ်တဲ့ အထူးသဖြင့် ကိစ္စများမြောင် လူတို့ဘောင်က လူသားတွေနဲ့ လျောက်ပတ်တဲ့ အလွယ်ကူဆုံး ဘာဝနာများကို ဓမ္မလက်ဆောင် ပေးပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဒီသရဏသုံးပါး (ကိုးကွယ်ရာသုံးပါး)ကို နမော တဿလိုပဲ ဘာဝနာဆိုက်အောင် ကြိမ်ဖန်များစွာ ရွတ်ပွားနေရင် (၁)။ဗုဒ္ဓါ နုဿတိဘာဝနာဖြစ်ပါတယ်။ (၂)ဓမ္မာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။(၃)။သံဃာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။
ကြီးပွားချမ်းသာကြောင်းတရားလေးပါး
အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဒီဃဇာဏုသုတ် ၌ အခါတပါးက ဗုဒ္ဓသည် ကောလိယတိုင်း ကက္ကရပတ္တအမည်ရှိ နိဂုံးရွာ (တံတိုင်းမရှိ ဈေးသာရှိသော) ၌ သီတင်းသုံးတရားပြတော်မူစဉ် ဒီဃဇာဏုအမည်တွင်သော ကောလိယမင်းသားသည် ဘုရားရှင်ကို ရိုသေစွာရှိခိုးပြီး ယခုလိုလျှောက်ထား၏။
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… တပည့်တော်တို့သည် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ခံစားကြသောလူတို့ဖြစ်ခြင်းကြောင့် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိပ်စက်ရာနေရာတို့၌ နေကြရပါကုန်၏။ ကာသိတိုင်း၌ဖြစ်သော စန္ဒကူးနံ့သာတို့ကို သုံးစွဲနေကြပါကုန်၏။ ပန်းနံ့သာ နံ့သာပြောင်းတို့ကိုလည်း ပန်ဆင်သုတ်လိမ်းနေကြပါကုန်၏။ ရွှေ ငွေ နှင့် အခြားသောပစ္စည်းဥစ္စာရတနာတို့ကိုလည်း သာယာကိုင်တွယ်နေကြပါကုန်၏။ ထို့ကြောင့် ပစ္စုပ္ပုန်၌လည်း ကြီးပွားချမ်းသာ၊ တမလွန်၌လည်း ကြီးပွားချမ်းသာကြောင်းတရားကို ဟောကြားတော်မူပါဘုရား။”
ဗုဒ္ဓလည်း သူအလိုရှိသည့်အတိုင်း ကြီးပွားကြောင်းတရားကို ဟောကြားတော်မူခဲ့၏။
ပစ္စုပ္ပုန် ကြီးပွားချမ်းသာကြောင်းတရားလေးပါး
***၁) ဥဋ္ဌာနသမ္ပဒါ – ထကြွလုံ့လ၀ီရိယဖြင့် ဥစ္စာစည်းစိမ်ကို ရှာဖွေရမည်။ ဤ ဥဋ္ဌာနသမ္ပဒါ၌ အင်္ဂါငါးချက်ရှိသည်။
– မိမိ၏ စီးပွားရေးလုပ်ငန်း၌ ကျွမ်းကျင်လိမ္မာခြင်း၊
– မပျင်းမရိ ထကြွလုံ့လ၀ီရိယရှိခြင်း၊
– လုပ်ငန်း၌ စူးစမ်းဆင်ခြင်နိုင်သော ဉာဏ်ပညာရှိခြင်း၊
– ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခြင်း၊
– ဦးစီးဦးဆောင်ပြု၍ စီမံညွှန်ကြားနိုင်ခြင်း။
လုပ်ငန်းအောင်မြင်လိုသူတိုင်း ကျင့်သုံးရမည့် ဘာဝနာလေးချက်ရှိ၏။ ၎င်းတို့မှာ -
1) စိရကာလဘာဝနာ – ကြာမြင့်စွာပြုလုပ်ခြင်း၊
2) နိရန္တရ ဘာဝနာ – မပြတ်ပြုလုပ်ခြင်း၊
3) နိရ၀သေသဘာဝနာ – အစွမ်းကုန်ပြုလုပ်ခြင်း၊
4) သက္ကစ္စဘာဝနာ – လုပ်ငန်းအပေါ်လေးစားစွာ ပြုလုပ်ခြင်း။ ဤလေးချက်ဖြင့် ပါရမီဆယ်ပါးကို ကြိုးစားအားဖြည့်ကြသောကြောင့် အလောင်းတော်များသည် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ကြခြင်းဖြစ်၏။
ရွှေရည်နို့ဆီ ကို တည်ထောင်ခဲ့သော ဦးလှအောင်၏ ကိုယ်တွေ့ပြောကြားခဲ့ပုံများမှ မှတ်သားဖွယ်ရာများကို အကျဉ်းချုပ်၍ ပြန်လည်ကောက်နှုတ်ပါသည်။ (အကျယ်အားဖြင့် – အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားတော်မူသော မေတ္တာဖြင့်စီးပွားရှာနည်း စာမျက်နှာ ၁၉ တွင် ဖတ်ရှုနိုင်ပါသည်။)
“ကိုယ်ကျင့်သီလဆိုတာ ဆင်းရဲသားများရဲ့ အကောင်းဆုံး အရင်းနှီး။
ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပါယ်မကျ။
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျသည်။”
“လူတစ်ယောက် ကြီးပွားတိုးတက်အောင် ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ ယတြာတွေက ပြုလုပ်မပေးနိုင်ပါဘူး။
စေတနာကောင်းတဲ့ ကံ။
စူးစမ်းဝေဖန်တဲ့ ဉာဏ်၊
အားထုတ်ကြိုးစားတဲ့ ၀ီရိယ၊” ဒီသုံးပါးကသာ လူတစ်ယောက်ကြီးပွားတိုးတက်အောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ တပည့်တော် ကိုယ်တွေ့ပါ။
ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာအဖြစ် ဗုဒ္ဓဘာသာ ရွေးချယ်ခံရတယ်ဆိုသောပိုစ့် လေးပါ
ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူပေင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဆုံးဘာသာအဖြစ် (18-11-2011)ရက်နေ့က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် 200ကျော်က မဲပေးရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ “ဘာသာရေးခေါင်းဆောင်အများစုသည် မိမိတို့၏ ဘာသာများထက် ဗုဒ္ဓဘာသာကိုမဲပေးခဲ့ခြင်းသည် အလွန်ပင်အံ့သြဖွယ်ကောင်းခဲ့ကြောင်း” အဆိုပါ အဖွဲ့၏ ညွှန်ကြားရေးမှူး Mr.Jonna Hult က ပြောကြားခဲ့ပြီး “ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာတရားဘွဲ့ကို ဗုဒ္ဓဘာသာရရှိခဲ့တာဟာ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားရတဲ့ စစ်ပွဲဆိုတာ မရှိခဲ့ဘူး။ ဗုဒ္ဓဘာသာကြောင့် သွေးချောင်းမစီးခဲ့ပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံး အချက်ပါ” ဟု ထည့်သွင်းပြောကြားသွားခဲ့သည်။ ဂျူးဘုန်းတော်ကြီး Shmuel Wasserstein က “ကျွန်တော်တို့ရဲ့ ဂျူးဒါလစ်ဇင်ကိုဘဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နေ့စဉ်ကျွန်တော်ဂျူးဘာသာအရ ၀တ်ပြုရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့ ဂျူးဘာသာ အရ ၀တ်ပြုခြင်း မပြုခင်မှာ ၀ိပသနာတရားကို ကျင့်ကြံအားထုတ်ခဲ့တာ (၁၉၉၃)ခုနှစ်ကတည်းကပါ။ အဲဒါကြောင့် ကျွန်တော်လည်း ဗုဒ္ဓဘာသာကိုဘဲ မဲပေးခဲ့တာပါ” ဟု ပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အာဖရိကနိုင်ငံမျိုးကပင် ဗုဒ္ဓဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖူးစာရှင်လေးဆိုက်မှပြန်လည်ကူးယူပါသည်
 အားလုံးပျော်ရွင်ချမ်းမြေ့ ကြပါစေ
သဘောင်္ရွက်ကကင်ဆာတွေကိုပျောက်ကင်းစေသည်ဆိုသောပိုစ့် လေးပါ
သင်္ဘောရွက်ကကင်ဆာရောဂါ အမျိုးမျိုးကိုကာကွယ် November 21, 2011 ရက် ၊ 11:30pm တွင် N T ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ စာပို့ရန် View Blog
ရိုးရာတိုင်းရင်းဆေးပညာ များစွာတို့တွင် သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်း လုပ်သောက်ခြင်းက ကင်ဆာရောဂါ အမျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။
ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင် ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ် လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာ နိုင်တော့မည်ဟု ဆို၏။
ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။
ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။
သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။
သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။
ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။
ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှနေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ်အတွက် တိုကျိုတက္ကသိုလ်မှ တစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အလွမ်းပိုင်ရှင်
အို......
အလွမ်းပိုင်ရှင်ရယ်
ပြောတက်ပါဘိကွယ်
ခံစားချက်လေးကို
ဘဝင်ထင်လို့ ရယ်
အပြုံးတစ်ဝက်နဲ့ 
ပြက်ရယ်ပြုနေတယ်
မသိလေလားကွယ်
လွမ်းဆွတ်ခြင်းဆိုတဲ့ 
တေးသွားတစ်ပုဒ်ကို
နှလုံးသားထက်မှာ
သီကုံးမိလိုက်တယ်
ချစ်ပါတယ်ဆိုသော
စကားတစ်ခွန်းကို
ပြောခိုင်းမိလိုက်တယ်
ငှက်လေးတစ်ကောင်ရယ်
မေ့ နေတာလားကွယ်
ရင်မှာကွဲကြေတော့ မယ်
ကဗျာပိုင်ရှင်ဟာ
သူလေးပါရယ်လို့ 
ပြောလိုက်ချင်တော့ တယ်
ငှက်ကလေးကပြောလိမ့်မယ်
ငှက်ကလေးရယ်
တွန်ကြူးသံလေးနဲ့ 
ကြင်ဖော်ကိုခေါ်ဆောင်နေတဲ့ 
မင်းရဲ့ အသွင်လေးဟာ
ငါ့ ရဲ့ ရင်မှာဖြစ်တည်နေတဲ့ 
လွမ်းဆွတ်ခြင်းတွေကို
နိုးဆွနေသလိုပါပဲကွယ်
အလွမ်းရယ်သာဖြစ်တည်ပြီး
ဟစ်မကြွေးနိုင်သေးတဲ့ 
ငါ့ နှလုံးသားလေးက
မင်းကိုအားကျနေမိတယ်
ငှက်ကလေးရေ..........
သူ့ အကြောင်းတွေးတိုင်း
တုန်လူပ်နေတဲ့ ငါ့ ရင်ဟာ
အမည်တွေမတပ်နိုင်တဲ့ 
ချစ်ခြင်းမေတ္တာတွေဆိုတာ
ငါ့ ရဲ့ နှလုံးသားလေးက
မြင်နေခဲ့ ပြီငှက်ကလေးရယ်
ချစ်နေပါတယ်ဆိုသော
စကားတစ်ခွန်းရဲ့ အနက်လေးကို
သူ့ ကိုတွေ့ တဲ့ အချိန်မှာ
ပြောပေးပါနော်..........
Monday, November 14, 2011
ရင်ဝယ်အလွမ်း
ရွက်ဟောင်းရယ်ကြွေ  ရွက်သစ်တွေလောင်းလို့ 
ရာသီအလှကို သဘာဝကဖန်တီးယူပြီး
ဆောင်းနှင်းဝေတဲ့ မနက်ခင်းတောင်ရောက်ခဲ့ ပြီပဲ
နှင်းရိုင်းတွေကိုအန်တုလို့  စတင်ခရီး
လျှောက်လှမ်းရင်းနဲ့ သတိရတယ်ဆိုတဲ့ 
စကားသံတစ်ဝက်က ငါ့ နှလုံးသားတောင်
ထိရှမိတယ်  ခံစားချက်ကိုအရင်းတည်တဲ့ 
ငါ့ ရင်ခွင်က အပြုံးတစ်လက်ကိုဆင်မြန်းပြီး
အမုန်းမမြင်နိုင်တဲ့   အတ္တတွေတောင်
ပိုင်ဆိုင်တက်လာပြီလေ  တစ်နေ့ ဆိုတဲ့ 
အချိန်လေးဟာ ငါ့ ဘဝကိုစိုးမိုးပေမဲ့ 
နောင်တဆိုတာကိုချန်လှပ်ထားလိုက်ပြီး
ယုံကြည့် ချက်ဆိုတဲ့ အသိတစ်ခုကြောင့် 
အမုန်းဒါဏ်ကိုမခံစားနိုင်တဲ့ ငါ့ ရင်ခွင်ဟာ
ငါ့ ၇ဲ့ အနာဂတ်လမ်းတွေကိုတောင်
ဖွင့် ဟနိုင်ဖို့ အင်းအားတွေမရှိခဲ့ ဘူးလေ
ဖြူစင်တဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ အတွက်
ရင်ဝယ်အလွမ်းကိုတော့ ...........