(၁)မင်သော်(ပရုတ်အေး) ၁ကျပ်သား
(၂) ပရုတ် ……. ၁ကျပ်သား
(၃) လေးညှင်း ….. ၁ကျပ်သား
(၄) ဇာတိပ္ဖိုလ်သီးမှုန့် ၃ကျပ်သား
(၅)ချင်း(ဂျင်း)သတ္တုရည် ၅ကျပ်သား
(၆) နနွင်း သတ္တုရည် ၅ကျပ်သား
(၇) ဂမုန်းတိမ်ပြာ သတ္တုရည် ၅ကျပ်သား
(၈) မိဿလင် သတ္တုရည် ၅ကျပ်သား
(၉) တောအရက် ၁ပုလင်း
ဤဆေး(၉)မျိုး၊ ဆေးချိန် (၂၆)ကျပ်သား နှင့် တောအရက်(၁)ပုလင်း တို့ကို သမအောင် ရောစပ်ပြီး
လေလုံပုလင်းနှင့် ထားပါ။ လေးဖက်နာရောဂါ အဆစ်ရောင်၊ အဆစ်ကိုက် ရောဂါရှင်များ နံနက်၊ည တစ်နေ့(၂)
ကြိမ် ပုလင်းကို လှုပ်ပြီး လိမ်းပါ။ သက်သာ ပျောက်ကင်းစေပါတယ်။
လေးဖက်နာရောဂါသောက်ဆေး
ဆေးနည်း…….
(၁)လေးညှင်း …….၄ပဲ
(၂)ဇာတိပ္ဖိုလ်သီးအဆန် …..၄ပဲ
(၃)ပန်းနု ….. ၈ပဲ
(၄) ပန်းမ …. ၈ပဲ
(၅) ဖာလာ .. ၈ပဲ
(၆) ကတ္တရသင်္ချေ … ၈ပဲ
(၇) စေးမခန်း …. ၈ပဲ
(၈) ရိုးတံ …… ၈ပဲ
(၉) ဆေးပုစွန်တုပ် ….. ၈ပဲ
(၁၀) ချောင်းကြား … ၈ပဲ
(၁၁) နံ့သာဖြူ …..၅ကျပ်သား
(၁၂) နံ့သာနီ ….. ၅ကျပ်သား
(၁၃) သကြားခဲ …. ၅ကျပ်သား
(၁၄) စန္ဒကူးနီ …. ၅ကျပ်သား
(၁၅) ကံ့ကော်ဝတ်ဆံ ….. ၅ကျပ်သား
အထက်ပါဆေးများကို အမှုန့်ပြုလုပ်ပြီး သမအောင် စုပေါင်း ရောစပ်ပါ။ လေလုံပုလင်းနဲ့ ထားပါ။
တစ်နေ့ (၃)ကြိမ်သောက်ပါ။ နံနက်၊နေ့လယ်၊ညနေ ရေနွေး(သို့) ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပါ။
တစ်ခါသောက်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်ပါ။
အားလုံးပျော်ရွှင်ချမ်းမြေ့ ကြပါစေ

No comments:
Post a Comment