အချစ်ဆိုတာဘာလဲ
မေးခွန်းကိုသံယောင်လိုက်
နာကျင်အပြုံးကိုဖန်တီး
အလွမ်းဆိုသည့် အတွေးနဲ့ 
မပီပြင်နှလုံးသားကို
မင်းရဲ့ ရင်ထဲမှာ
သိုဝှက်ထားပြီးလား
အနာဂတ်လမ်းကိုတီထွင်
မျော်လင့် ချက်ကိုတမ်းတ
အတွေး၇ယ်တစ်ဘဝနဲ့ 
အမည်မဖြစ်သေးတဲ့ 
ခံစားချက်တိုင်းကို
အချစ်လို့ သတ်မှတ်လား
နှလုံးသားကိုအရင်းတည်
သတိမလွှမ်းနိုင်သေးတဲ့ 
ဥာဏ်မာနတွေတိုင်းကို
အလွမ်းဟုခေါ်ဆိုပြီး
တစ်သက်အရှုးံလို့ ဆို
ရင်ထဲမှာပြစ်ချက်မှတ်
မင်းရဲ့ နှလုံးသားကို
ဒါဏ်ခတ်လိုက်ပြီလား
ခရီးအဆုံးမှာတော့ 
အချစ်ဆိုသည်မှာ
ဖန်တီးလို့ မရနိုင်တဲ့ 
ရင်တွင်းခံစားမှု့ လို့ 
ငါထင်မိလိုက်တယ်
No comments:
Post a Comment