မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Monday, October 3, 2011

အရှုံးပေးချစ်ရသူ

အရှုံးပေးချစ်ရသူ
မျော်လင့် ချက်တွေကို
တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များနဲ့ 
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဆုံးလေးမို့ 
ရူးလောက်မတတ် ချစ်ရသူပါ

ငါ့ဘ၀အတွက်
တစ်ခုထဲသော ရင်းနှီးမှု့ တွေဟာ
မင်းအတွက်ဖြစ်နေလို့ 
အရှုံးပေးပြီး ချစ်သွားမှာပါ
အချစ်ဆုံးလေးရယ်...

No comments:

Post a Comment