လူ့ ဘောင်လောကတစ်ခဏဝယ်
ကိုယ်တိုင်ကျင့် သုံးမုသားမသုံးပဲ
ဘဝဟုသည့်အရှုံးမမုန်းမိအောင်
ကိုယ်ပိုင်အတွေး ရင်မှာထွေးလို့ 
မလျှော့ လုံ့ လစိတ်ဥာဏ်သုံးလျက်
ခံယူချက်နှလုံးရင်မှာကိန်းလို့ 
အမှားကိုမြင်အမှန်ပြင်ပြီး
ဒုက္ခမည်သောမာန်ဟုန်ဆီသို့ 
အတိတ်အမှိုက်မေ့ ပျောက်နိုင်လျက်
ယနေ့ ဖြစ်စဉ်ဘဝဟုမှတ်ပြီး
နက်ဖြန်ဆိုသောစိတ်ကူးတွေနှင့် 
နောက်မတွန့် ခြေလှမ်းဇွဲမာန်ခွင်းလျက်
အနာဂတ်ခရီးလျှောက်နေပြီဟု
သံသာဟစ်ကြွေးလိုက်မည်သတည်း
No comments:
Post a Comment