ရင်မှာသွယ်တန်းအချစ်ပန်း
အမုန်းကိုမမြင်အပြုံးဆင်၍
ရင်မှာဝှက်ထားချစ်စကားကို
ပေးစပ်နှလုံးရင်မှာသုံးပြီး
တစ်ခါအပြုံးသက်ဆုံးတိုင်အောင်
အမှောင်ကိုခွင်းအလင်းမြင်၍
တူညီနှလုံးစိတ်ဝယ်သုံးပြီး
ဆန္ဒမည်သောတိုက်ပွဲဟုန်ကို
အတ္တခြေလှမ်းမယိုင်းမိအောင်
သတိကိုဆောင်ဥာဏ်ကိုကိုင်လျက်
ယုံကြည်မှု့ ဆိုသောနှောင်ကြိုးတွေနဲ့ 
ဘဝပန်းတိုင်လျှောက်လှမ်းတော့ မည်
အားလုံးပျော်ရွှင်မှု့ အပေါင်းနဲ့ ခညောင်းနိုင်ကြပါစေ
No comments:
Post a Comment