မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Saturday, October 22, 2011

ဟန်မဆောင်နိုင်အပြုံး

    တစ်ချိန်တုန်းကရင်ခုန်းခြင်းဆိုတာဘာလဲမသိတဲ့ ငါ့ အတွက် တစ်နေ့ ဒါဏ်ရာတွေရလာလိမ့် မယ်လို့ ကြိုမတွေးထားခဲ့ မိဘူးပေါ့   မင်းကိုစတွေ့ ချိန်မှာအချစ်ဆိုတဲ့ ခံစားချက်တွေဟာ မင်းနဲ့ ငါ့ ရဲ့ ရင်မှာကိန်းအောင်းလာခဲ့ ပေမဲ့ နောင်တဆိုတာလေးမဖန်လာဘူးဆိုရင်  သိပ်ကောင်းမှာပဲနော်  မင်းပြောခဲ့ တဲ့ စကားသံလေးတွေ  မင်းရဲ့ အပြုမှုလေးတွေဟာ  မင်းကိုချစ်ခဲ့ မိတဲ့ ငါ့ အတွက်   သာယာမှု့ တွေပေးစွမ်းနိုင်ခဲ့ ပေမဲ့   အချိန်ဆိုတဲ့ အရာကြီးကငါ့ ရဲ့ ရင်ကိုနင်းချေသွားခဲ့ တယ်လေ  မသိချင်ယောင်ဆောင်နေရတဲ့ ငါ့ ၇ဲ့   စိတ်တွေဟာအတိတ်တွေရဲ့ နိမိတ်တွေကိုပြန်လည်အသက်သွင်းနေမိ
တယ်လေအလွမ်းဆိုတာကိုမတွေးချင်ခဲ့ ပေမဲ့   အလွမ်းတွေကိုဘယ်သူသယ်ဆောင်လာတာလဲလို့ မေးလာခဲ့ မယ်ဆိုရင်တောင်ငါ့ မှာဖြေကြားနိုင်ဖို့ အင်အား
တွေမရှိနိုင်တော့ ပါဘူး   မင်းငါ့ ကိုအမြဲပြောခဲ့ တဲ့ "မင်းကိုအမြဲချစ်နေမှာပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ ငါ့ ရဲ့ အနာဂတ်ဆိုတဲ့   လမ်းတွေကိုတောင်ကောက်နုတ်ချက်တွေချခဲ့ ပြီးပြီလေ
အခုတော့ လေနားလည်ပေးပါဆိုတဲ့  မမျော်လင့် ထားတဲ့ စကားတစ်ခွန်းကိုကြားလိုက်ရတဲ့ ငါ့ အတွက်
ယုံကြည်မှု့ လို့ အမည်တပ်ထားတဲ့ မင်အပေါ်ငါ့ ထားတဲ့ ငါ့ ရဲ့ အချစ်အတ္တတွေတောင်အရောင်တွေအဆိုးခံ
လိုက်ရပြီ  ဘာကြောင့် လဲလို ငါ့ တွေးခဲ့ ပေမဲ့ အဖြေဆိုတာငါ့ မရခဲ့ ဘူး   အတွေးတွေကြားမှာပဲမေးခွန်း
တွေထွက်လာနေတယ်သစ္စာဆိုတဲ့ စကားတစ်ခွန်းကိုမင်းနုတ်ကသုံးနူန်းခဲ့ ပေမဲ့ မိုး၇ွာထဲမှာလမ်းလျှောက်
ပြီးမိုးရေမစိုတဲ့  လူရယ်လို့ ပြောရမလိုဖြစ်နေခဲ့ ပြီလေ  ယုံကြည်မှု့ တွေနဲ့ တည်ဆောက်ထားတဲ့ ငါ့ ရဲ့ ရင်ခွင်
ဟာမင်းရဲ့ စကားတစ်ခွန်းကိုခွင့် လွတ်ခြင်းဆိုတဲ့ နှလုံးသားကမတုန့် ပြန်နိုင်ခဲ့ ပြန်ဘူး ငါ့ ဘဝအတွက်
နောက်ဆုံးရရှိလိုက်တာကတော့လွမ်းဆွတ်တမ်းတခြင်းဆိုတဲ့ စကားစုတွေဟာငါ့ ရင်မှာထင်ကျန်နေတော့
တာပေါ့ လေ  ဒါပေမဲ့ မင်းကိုချစ်မိတဲ့ ငါ့ အတွက်နောင်တဆိုတာရင်မှာကိန်းအောင်းနေပေမဲ့  မမုန်းနိုင်ဘူး
ဆိုတဲ့ စိတ်ကူးတွေနဲ့ ဟန်မဆောင်နိုင်အပြုံတွေကိုဖန်ဆင်းနေရတာပေါ့   ထိရှသွားတဲ့ ငါ့ ၇ဲ့ စိတ်ကူး
တွေတိုင်းမှာအသက်တွေပါခဲ့ မယ်ဆို၇င်လေ  မင်းရူရှိုက်နေတဲ့ အောက်စိဂျင်နေရာလေးမှာ  ငါ့ ရဲ့ ယုံကြည် 
မှု့ တွေကိုအစားထိုးပေးချင်မိပါတယ်






       ဒီစာလေးကိုကျွန်တော်ရဲ့ စိတ်ကူလေးနဲ့ ဖန်တီးပြီးရေးထားတာပါ

အားလုံးပျော်ရွှင်မှု့ အပေါင်းနဲ့ ခညောင်းနိုင်ကြပါစေနော်


No comments:

Post a Comment