မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Thursday, August 2, 2012

အပြုံးမျက်ရည်



မှိုင်းညှို့ အုပ်ဆိုင်း    တိမ်လွှာရိုင်းတို့ 
လူးလွင့် လှုပ်ရှား    ကောင်းကင်ထက်ဝယ်
ထစ်းချုံးလျှပ်သံ     မြည်သံစွဲလို့ 
မြေပြင်ဆီသို့         သင်းကွဲကျရောက်
အေးမြအတိ          ရှိနေပါလျက်
ပူလှောင်ပျင်းလျ     ဒီရင်ကိုပင်
မင်းရဲ့ အမုန်း         မပြုံးနိုင်ခဲ့ 
ရွှင်ပြနှလုံး            ရင်မှာသိမ်းလို့ 
အပြုံးမျက်ရည်      တစ်သက်တာနဲ့ 
ကြည့် နေပါမယ်    မိုးစက်လေးရယ်
ရင်ခွင်တံခါး          မြည်သံကြားလို့ 
အလွမ်းသီချင်း      ဟစ်ကြွေးခဲ့ လဲ
ဒါဏ်ရာအဟောင်း  တူးဆွနှောင်ဖွဲ့ 
ကြင်နာအတွေး      ထုတ်ဖော်ပြလို့ 
မင်းကမမြင်          အဝေးသို့ နှင်
ကြင်နာယောင်နဲ့     လှည့်မကြည့် နဲ့ 
မိုးစက်လေးရယ်   ....................

No comments:

Post a Comment