မှိုင်းညှို့ အုပ်ဆိုင်း တိမ်လွှာရိုင်းတို့ 
လူးလွင့် လှုပ်ရှား ကောင်းကင်ထက်ဝယ်
ထစ်းချုံးလျှပ်သံ မြည်သံစွဲလို့ 
မြေပြင်ဆီသို့  သင်းကွဲကျရောက်
အေးမြအတိ ရှိနေပါလျက်
ပူလှောင်ပျင်းလျ ဒီရင်ကိုပင်
မင်းရဲ့ အမုန်း မပြုံးနိုင်ခဲ့ 
ရွှင်ပြနှလုံး ရင်မှာသိမ်းလို့ 
အပြုံးမျက်ရည် တစ်သက်တာနဲ့ 
ကြည့် နေပါမယ် မိုးစက်လေးရယ်
ရင်ခွင်တံခါး မြည်သံကြားလို့ 
အလွမ်းသီချင်း ဟစ်ကြွေးခဲ့ လဲ
ဒါဏ်ရာအဟောင်း တူးဆွနှောင်ဖွဲ့ 
ကြင်နာအတွေး ထုတ်ဖော်ပြလို့ 
မင်းကမမြင် အဝေးသို့ နှင်
ကြင်နာယောင်နဲ့  လှည့်မကြည့် နဲ့ 
မိုးစက်လေးရယ် ....................