မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Friday, July 20, 2012

ရင်တွင်းစစ်

♥♥♥ ရင်တွင်း"စစ်" ♥♥♥ အပြစ်တင်စရာ တရားခံကို ဝေ့ဝဲရှာ
360° အပြည့်မှာမျက်လွှာချ ခေါင်းငုံ့
စေ့စေ့ကြည့်မိတယ်…………………
မြင်ကွင်းထဲအရင်ဆုံး ရောက်လာသူ……လူမိုက်
နှလုံးသားနယ်တစ်ဝိုက်
လက်ညှိုးစိုက်စိုက်ထိုးလိုက်တယ်……………

ကိုယ်ပြုရာကိုယ်ခံ ကိုယ်မမှန်တော့
ပြန်လှန်ပြောဖို့ အားတွေချို့………
နေတတ်ပါတယ်………မင်းမရှိရင်လည်း
ဒါပေမယ့်……အလွမ်းတွေကို
မာရှယ်လော ထုတ်လို့မရဘူး……………

မျက်တွင်းဟောက်ပက် အိပ်ရေးပျက်လို့
ဆရာဝန်က ဆေးစပ်ပေးတယ်……
ရေတစ်ခွက်နဲ့ ဆေးကဒ်ကိုဖောက်သောက်
ခြေကားလက်ကား အလွမ်းတွေကြားထဲ
အသက်ဆက်ဖို့ အိပ်ရာဝင်ခဲ့တယ်|Zzz………

မရောက်တာကြာလို့ အိမ်မက်တိုင်းပြည်မှာ
အိမ်မက်ဆိုးတွေ ဒီမိုကရေစီရနေပြီ
သူတို့ လွှတ်တော်မှာ အချစ်ရေးကို
ပဉ္စမမဏ္ဍိုင်သတ်မှတ်မယ်ဆိုလားးးးဘာလားးညာလားးး
ကြားတစ်ချက် မကြားတစ်ချက်
ဖတ်နေတဲ့စာတမ်းကို နားစိုက်ပြီး အိပ်ရာကလူးလဲထခဲ့တယ်………

အမုန်းစစ်လက်ကျန် စူးရှတဲ့ဒဏ်ရာတွေက
$အရက်လိုဘဲ
ဲခံစားပါများတော့ ချိုတယ်လို့ထင်မိတယ်……
ဒါပေမယ့် ခံစားချက်ကို လှေရုပ်ထွင်းပြီး
အယ်ကိုဟော ကမ်းခြေမှာရွက်လွှင့်မယ့် ကောင်မျိုးမဟုတ်တော့
______________ခက်တယ်________________

စိတ်ချပါ……ကောင်မလေးရေ………………
ငါသေသွားမယ်ဆိုရင်တောင်
မင်းပယောဂမပါစေရပါဘူး…………
`ငါ´ဆိုတာ မင်းအနိုင်ယူခဲ့တဲ့
ဆိုး.မိုက်.ပေ.တေ.လေ.လွင့်.ပေ.ရှုပ်
ခပ်ကုပ်ကုပ်နေတဲ့ မြွေပွေးမဟုတ်တော့ဘူးးးးးးး

ရည်မှန်းချက်
တောက်ပတဲ့ကြယ်တွေကြား
ရောက်အောင်သွားဖို့ ခရီးထွက်ခဲ့တာ
ငါ့ ဇာတ်ဝင်ခန်းကို အကောင်းဆုံးကပြရင်းနဲ့ပေါ့…………

ကောင်မလေးရေ……ငါ မသေချင်သေးဘူး !_!
နင်နဲ့ဒီတစ်သက် ပေါင်းဖက်ခွင့်မရခဲ့ရင်တောင်
လိုက်နှုတ်ဆက်ချင်သေးတယ်
နင့်ရဲ့နောက်ဆုံးခရီးကို……
နင့်မိတ်ဆွေ တစ်ကိုယ်တည်းသမား အဖိုးကြီး အဖြစ်နဲ့ပေါ့…

မလေးရောက်ကိုကိုကျော်ရဲ့ ရင်တွင်းဖြစ်လေးပါ

No comments:

Post a Comment