ဘုရားတပည့်တော်သည် သံသရာဘ၀ပေါင်းများစွာ၌ သော်လည်းကောင်း၊ ယခုပစ္စုပ္ပန် ဘ၀၌သော်လည်းကောင်း၊
ယနေ့တိုင်ထိ … ”ဂုဏ်ကျေးဇူးကြီးမားကြကုန်သော -
၁) မြတ်စွာဘုရားရှင် အဆူဆူ တို့အပေါ်၌
၂) ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ် တို့ပေါ်၌
၃) အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး တို့အပေါ်၌
၎) ရဟန္တာအရှင်မြတ်ကြီးများ အပေါ်၌
၅) မိခင်တို့၏ အပေါ်၌
၆) ဖခင်တို့၏ အပေါ်၌
၇) လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမား တို့အပေါ်၌
၈) သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ်၊ မိမိထက်အသက်သိက္ခာကြီးမားသော သူတော်ကောင်းပုဂ္ဂိုလ် တို့အပေါ်၌
၉) တရားဓမ္မများ ဟောကြားသွန်သင် ဆုံးမလမ်းညွှန်သော ဆရာသမား တို့အပေါ်၌
၁၀) မိမိအားနေရာထိုင်ခင်း၊ အလုပ်အကိုင်၊ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်မှအစ ပေးကမ်းချီးမြှင့် ကူညီထောက်ပံဖူးသောကျေးဇူးရှင် တို့၏အပေါ်၌“ သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ
ကာယကံ၊ ၀စီကံ၊ မနောကံ တို့ဖြင့် ပြစ်မှားစော်ကားခြင်းရှိခဲ့ပါလျှင်၊
ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊
ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်း ယုတ်မာကြံစည် ပြောဆိုပြုမူ ဆောင်ရွက်မှုများ ရှိခဲ့ပါလျှင်၊
ထိုကျူးလွန်ခဲ့သော အပြစ်ကြီး အပြစ်ငယ်များကို ယခုအခါ ကောင်းစွာ နှလုံးသွင်းမှန်ကန်စွာဖြင့် ၀န်ခံပါ၏ ။
ဝန်ချပါ၏ ။ တောင်းပန်ပါ၏ ။ ကန်တော့ပါ၏ ။

ဘုရားတပည့်တော်အား အစဉ်သနားခြင်းကြောင့် သည်းခံတော်မူကြပါဘုရား၊ ခွင့်လွှတ်တော်မူကြပါဘုရား၊
ကျေအေးတော်မူကြပါဘုရား။
ယခုကဲ့သို့ဝန်ချတောင်းပန်ခြင်း ကောင်းမှုကံစေတနာသည် မြတ်စွာဘုရားရှင်တို့ ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကို ကောင်းစွာသိမြင်နိုင်ရာ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေသတည်း။
မိမိအား ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော ဆိုးကျိုးစွမ်းအား သတ္တိတို့ကြောင့် ယခုပင် ပျက်ပြယ်ရပ်တန့်၍
ကောင်းကျိုးချမ်းသာ အလုံးစုံ ခံစားရရှိပါစေသတည်း။
လောကီမင်္ဂလာ အဖြာဖြာတို့သည် စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူလျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း
အေးချမ်းရပါစေသတည်း။
ခင်ပွန်းကြီး(၁၀)ပါး ပြစ်မှားသူတို့ကြုံရမည့်ဒဏ်(၁၀)ပါး
၁) ပြင်းထန်သောဦးခေါင်းနာ၊ သွေးအန်စသည့် ဝေဒနာဖြစ်ခြင်း
၂) ရောင်းဝယ်ရှုံး၍ လုပ်ငန်းအဆင်မပြေဖြစ်ခြင်း
၃) လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါကြီးငယ် ချို့ယွင်းခြင်း
၎) ကုသ၍မရသော ကြီးလေးသည့် ရောဂါများနူနာများဖြစ်ခြင်း
၅) ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆) မင်းပြစ်မင်းဒဏ်သင့်ခြင်း
၇) မတရားသဖြင့် စွပ်စွဲခံရခြင်း
၈) ဆွေမျိုးကောင်းမိတ်ဆွေကောင်းမရရှိခြင်း
၉) စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀) နေအိမ်တိုက်တာ မီးလောင်ပျက်စီးခြင်း
ပစ္စုပ္ပန်ဘ၀၌ထိုဒဏ်ဆယ်ပါးသင့်မည့်အပြင် သေလွန်သောအခါ၌လည်းအပါယ်ငရဲသို့ ရောက်နိုင်သည်။
buddha world မှကူယူတင်ပြပါသည်
ပျော်ရွှင်ချမ်းမြေ့ ကြပါစေ
Wynn Casino - Las Vegas, NV - MapYRO
ReplyDeleteWynn 광주광역 출장안마 Las Vegas, Las Vegas. 3131 익산 출장마사지 South Las Vegas 한게임 포커 Boulevard. 경기도 출장샵 Las 충청북도 출장샵 Vegas, NV 89109. star.atlas_vegas.com