မှစ၍စိတ်၏ကျန်းမာခြင်းကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ
myspace codes

Tuesday, September 27, 2011

အချစ်ဝိဥာဉ်..

အချစ်ဝိညာဉ်

လကွယ်ညတစ်ညမှာတိတ်ဆိတ်ငြိမ်သက်လျက်

ကောင်ကင်ကြီးကိုကြည့်နေတဲ့ ငါဟာ

မသိစိတ်ထဲက အချစ်ဝိညာဉ်ရဲ့ 

ဖမ်းစားခြင်းကို ခံလိုက်ရတယ်



သူကိုယ်တိုင်လဲ လွမ်းရမယ်ဆိုတာကို

သိနေလျက်နဲ့ 

အတ္တဆန်စွာမင်းပုံရိပ်တွေ

ဆက်လက်တွေးနေမိတယ်

ငါ့ ရဲ့ ခံစားချက်တွေဟာမင်းအတွက်ရသ

မမြောက်နိုင်ပေမဲ့ နှလုံးသားမှာ

သံစဉ်ညီပြီး

ကြိုးပြတ်နေတဲ့ ဂီတာအိုလေးကို

တီးခတ်နေတယ်လို့

သဘောထားပေးပါ

မင်းငါ့ ရဲ့ ခံစားချက်တွေကို

ဒါဏ်ခတ်မယ် ဆိုခဲ့ ရင်တောင်တုံပြန်မှု့ 

ကင်းမဲ့ တဲ့ အပြုံးတစ်ပွင့် နဲ့ 

ခွင့် လွတ်ခြင်းနှလုံးသားကိုရင်မှာပိုက်လို့ 

မင်းကိုအမုန်းကင်းမဲ့ တဲ့ 

မျက်လုံးအစုံနဲ့ ကြည့် နေမဲ့သူပါ

ရမှတ်ကိုမသိပဲ

ဘဝစားမေးပွဲဖြေဆိုခွင့် 

တောင်းခံလိုက်တဲ့ ငါဟာ

ရင်မှာဖြစ်တည်နေ့ တဲ့ 

အလွမ်းစာတွေကို

မေးခွန်းမလိုပဲ ဖြေဆိုသွားမှာပါ

ဒီစာလေးကိုဖတ်မိလို့ 

တစ်ရက်အသက်တိုမယ်ဆိုရင်တောင်

အချစ်ဝိညာဉ်လေးက

မင်းရဲ့ စိတ်တွေကိုကုသသွားမှာပါနော်

No comments:

Post a Comment