Monday, March 19, 2012
ကိုယ်ရံတော်
သြော် ပန်းကလေးရယ် အဆင်းလှဆန်းရနံ.များလေး
ထုံသင်းကြိုင်လိုင် စုံတောမြိုင်က
ပန်းကလေးပမာ လန်းဆန်းပြုံရွင်နေ.တိုင်ပင်ကား
ပန်းကလေးအလှ ဘဝတလျှောက်လုံး
အေးချမ်းသာယာ ပျော်ရွင်နိုင်ပါစေ တောင်ဆုခြွေမည်
ပန်းရဲ.အလှမြင်ရသူမှာ ရင်သတ်ရှူ.မောသတိလက်လွတ်
ခဏတာအတွင်းကျောက်ရုပ်ပမာ ငြိမ်သက်စွာနဲ.
သူ.အလှမှာနစ်မျော အတွေးပေါင်းများစွာနှင်ခဲ.လေပြီ
ပန်းကလေးရဲ.အလှ ခဏတာမြင်ရပေမယ်.
တသက်တာအတွက် ဘယ်တော.မှမမေ.နိုင်တော.ပါ
သူရဲ.အလှတသက်တာအတွက် ပိုင်ဆိုင်ခွင်.ဆိုတာရလိုက်ချင်ပါဘိ၊
ပိုင်ဆိုင်ခွင်.ဆိုတာ ဆန္ဒတခုလား
ဆန္ဒတခုအကြောင်းပြုပေမယ်. သူ.ရဲ.အနက်ရှိုင်းဆုံးတနေရာ
ငါအတွက်ကားနေရာမရှိပါ နောက်ဆုံးတခု
တောင်းဆုပြုချင် ပန်းရဲ.အလှပိတုန်းလိပ်ပြာနှောင်.ယှက်လာလေး
ပန်းလေးရဲ.အန္တယ်ငါကာကွယ် အပါးတော်မြဲ ခ စားခွင်.ပြုရန်
တောင်းပန်ပါမည် ပန်းရဲ.အနားတစ်ဘဝစာလုံး
ကိုယ်ရံတော်တပ်မှူးလေး ဘဝနဲ.အတူပေးဆပ်သွားခွင်.ပြုပါ
အကြီးမားဆုံးဆန္ဒ ပြည်.ဝချင်တ.ယ်`။
ကိုလွင်ဦးရဲ့ ခံစားချက်လေးပါ
တောင်းဆု
တခါတလေ အချစ်ဆိုတာ
ပျော်ရွင်မူ.မပါ သောကဘုံလား
တွေ.ရဆယ်ခါ မသိသာပေမယ်.
တစ်ရက်မတွေ.ရ တစ်နှစ်ဟုပင်ထင်ခဲ.ရသည်
လွမ်းလိုက်သည်ဖြစ်ခြင်း အမြန်သာကုန်စေချင်သည်
မနန်ခင်ကနွမ်း မကျွမ်းခငိကလွမ်းဆိုသလို
ရင်ဝယ်ပိုက်ထား ချစ်စကားကို
ပြောလိုက်သည်မှအစ မျော်လင်..တောင်.တ
စောင်.စားရသည် ရက်လတွေအတော်ကြာခဲ.သော်လည်း
ပြီးပြည်မစုံ ဘဝအစုံထိုသူတို.မှာ
ရင်တွင်းစကား ပြောချင်ငြားလည်း
အကြောင်းကံေ၇မဖန် နီးလျှက်နဲ.ဝေးနေရတာ
နှစ်ကိုတူဆုံနိုင်ဖို.အရေး မျော်ကာတွေးလို.
အလွမ်းတွေရင်မှာပိုက် ဆုတောင်အခါခါပြုလျှက်ပါ
တောင်းဆုတစ်ရာ တစ်ခါသာပြည်.ဝချင်တယ်
ကိုလွင်ဦးရဲ့ ရင်တွင်းဖြစ်လေးပါကူးယူတင်ပြပါသည်
မြတ်စွာဘုရား၏ လက္ခဏာတော်ကြီးများ
မဟာပုရိသလက္ခဏာကျမ်း
မဟာပုရိသလက္ခဏာကျမ်းသည် ထင်ရှားသော ကျမ်းတစ်စောင်ဖြစ်၏။ ထိုကျမ်း၌ “ဤလက္ခဏာမျိုးနှင့် ပြည့်စုံသူသည် ဘုရားဖြစ်၏။ ဤလက္ခဏာမျိုးနှင့် ပြည့်စုံသူသည် ပစ္စေကဗုဒ္ဓါဖြစ်၏။ “အစရှိသည်ဖြင့် ဘုရားအစရှိသော ယောက်ျားမြတ်တို့၏ ထူးခြားသော အမှတ်အသား လက္ခဏာများကို အတိအကျ ညွှန်ပြထားသည်။
လက္ခဏာစစ်၍ ဘုရားအဖြစ် ဆုံးဖြတ်သူပုဏ္ဏားကြီး
အခါတပါး မြတ်စွာဘုရားသည် ကျွတ်ထိုက်သောသူများကို ချေချွတ်တော်မူရန် ရဟန်းငါးရာ ခြံရံလျက် ကောသလတိုင်းဘက်သို့ ဒေသစာရီ ကြွချီတော်မူခဲ့သည်။ ဣသ္ဆညနင်္ရလပုဏ္ဏားရွာသို့ ရောက်တော်မူ၍ ထိုရွာအနီး ဣစ္ဆာနင်္ဂလမည်သော တောအုပ်ကြီး၌ သီတင်းသုံးနေတော်မူလေသည်။
ထိုအခါ ပသေနဒီကောသလမင်းကြီး ချီးမြှင့်ခန့်ထားသော ဥက္ကဋ္ဌ မြို့စား ပေါက္ခရသာတိပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ ကျော်ကြားလှသော ဂုဏ်ကျေးဇူး သတင်းစကားကို ကြားရလေသည်။ သတင်းစကား ကြားရရုံမျှ ဖြင့်ပင် သွားရောက် ဖူးတွေ့ချင်လှသည်။ သို့သော် လောကမှာ “ငါဘုရား” ဟု ကြုံးဝါး လှည်လေနေကြသူ ပူရဏကဿပ စသော ဘုရားတုဘုရားယောင်များကလည်း ပေါများလှလေရာ သတင်းစကား ကြားရသည့်အတိုင်း မဟာပုရိသကျမ်းလာ ယောက်ျားမြတ်လက္ခဏာနှင့် ပြည့်စုံသူ ဘုရားဟုတ်၊ မဟုတ် သေသေချာချာ ကြိုတင်သိချင်သေးသည်။ ထို့ကြောင့် ချက်ချင်း မသွားသေးဘဲ တပည့်ကြီး အမ္ဗဋ္ဌလုလင်ကို စေလွှတ်ပြီး စစ်ဆေးစုံစမ်းခိုင်းလိုက်သည်။
မဟာပုရိသလက္ခဏာကျမ်း၌ ယောက်ျားမြတ် လက္ခဏာ (၃၂)ပါး တိုက်ရိုက်လာရှိသည်။ ထိုလက္ခဏာ (၃၂)ပါးနှင့် ပြည့်စုံသော ယောက်ျားမြတ်သည် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ ရဟန်းပြုလျှင် သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်သည်ဟု တိတိကျကျ ညွှန်ပြထားသည်။ ထိုယောက်ျားမြတ် လက္ခဏာများ အရှင်ဂေါတမမှာ ပါ၊ မပါ သေချာစွာ စစ်ဆေးကြည့်ရူခဲ့ဖို့ရန် အမ္ဗဋ္ဌလုလင်ကို မှာကြားလိုက်လေသည်။
အမ္ဗဋ္ဌလုလင်သည် အဖော်လုလင်ငယ်များနှင့်အတူ မြတ်စွာဘုရားထံတော်ပါးသို့ သွားရောက်ပြီး (၃၂)ဖြာသော ယောက်ျားမြတ်လက္ခဏာကို စုံလင်စွာ ကြည့်ရူစစ်ဆေးသည်။ မိမိ၏ စစ်ဆေး တွေ့ရှိချက်အရ အရှင်ဂေါတမသည် မဟာပုရိသလက္ခဏာကျမ်းလာ ယောက်ျားမြတ် လက္ခဏာနှင့် ပြည့်စုံသူဖြစ်ကြောင်း ဆရာပုဏ္ဏားကြီးအား ပြန်လည် ပြောကြားလိုက်သည်။
ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် ထိုမင်္ဂလာ သတင်းစကားကို ကြားလျှင်ကြားချင်း မိမိအိမ်၌ ခဲဖွယ်ဘောဇဉ်များ ရုတ်တရက် စီရင်ခဲ့ပြီး ဥက္ကဋ္ဌမြို့မှ ဣစ္ဆာနင်္ဂလတောအုပ်သို့ မြည်းရထားစီးလျက် ဘုရားဖူးထွက်ခဲ့သည်။ ဘုရားရှင်ထံမှောက် ရောက်သောအခါ ယောက်ျားမြတ်လက္ခဏာ (၃၂)ဖြာကို မိမိကိုယ်တိုင် ထပ်မံ စစ်ဆေးကြည့်ရူပြန်သည်။ မြတ်စွာဘုရား၏ ကိုယ်တော်ဝယ် သုံးဆယ်သော လက္ခဏာတော်တို့ကိုကား ထင်ထင်ရှားရှားတွေ့မြင်ရ၏။ သို့သော် ကျန်သေးသော လက္ခဏာတော် နှစ်ပါးကိုမူ အသေအချ မမြင်ရသေးသဖြင့် ယုံမှားသံသယ ဖြစ်နေသေးသည်။ လက္ခဏာတော်နှစ်ပါးမှာ ယောက်ျားနိမိတ်လက္ခဏာတော်နှင့် လျှာ်တော်ဖြစ်၏။
လက္ခဏာတော်နှစ်ပါးကို တန်ခိုးဖြင့် မြင်စေခြင်း
မြတ်စွာဘုရားသည် လက္ခဏာတော်(၂)ပါး၌ ပုဏ္ဏားကြီး ယုံမှား သံသယဖြစ်နေသည်ကို သိတော်မူ၏။ ထို့ကြောင့် ပုဏ္ဏားကြီး ယုံမှားကင်းစေရန် ဦးစွာ အအိမ်ဖြင့် ဖုံးအုပ်နေသော ယောက်ျားနိမိတ် လက္ခဏာကို တန်ခိုးတော်ဖြင့် မြစ်စေတော်မူသည်။ လျှာတော်၏ ရှည်လျားသော လက္ခဏာကိုမူ လျှာ်ထုတ်၍ နားတွင်းနှစ်ဘက်ကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြတော်မူလိုက်၏။ လျှာတော်၏ နူးညံ့သော လက္ခဏာကိုမူ နှာခေါင်းပေါက်နှစ်ခုအတွင်းကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြလိုက်ခြင်းဖြင့် တွေ့မြင်စေတော်မူသည်။ လျှာ်တော်၏ ကျယ်ပြန့်သော လက္ခဏာကိုမူ နဖူးပြင် တစ်ခုလုံးကို ဖုံးအုပ်ပြလိုက်ခြင်းဖြင့် တွေ့မြင်စေတော်မူသည်။
ကောင်းမူကံအလိုက် အကျိုးလက္ခဏာများ ဖြစ်ပေါ်လာပုံ
ပေါက္ခရသာတိ ပုဏ္ဏားကြီးသည် မိမိလေ့လာထားသော မဟာပုရိသ လက္ခဏာကျမ်းလာ လက္ခဏာတော်များအတိုင်း မြတ်စွာဘုရားကိုယ်တော်၌ စုံစုံလင်လင် ပီပီပြင်ပြင် တိတိကျကျ တွေ့မြင်ရသောအခါ အတိုင်းမသိ ၀မ်းသာကြည်နူးနေတော့၏။ ရင်ဖျားတုံ့လှည့် ကြည်ရူဖူးမြော်၍ မ၀၊ “ဒါမှ အာဇာနည်ယောက်ျားမြတ်၊ နတ်နှင့်တကွသော သုံးလောကမှာ နှစ်ယောက် အတူမရှိတဲ့ သယမ္ဘူထွတ်ထား တကယ့် သမ္မာသမ္ဗုဒ္ဓ ဘုရားအစစ်ပါဘဲ” ဟုလည်း ချီးကျူး ရေရွတ်နေ၏။ အဘယ်ကြောင့် ဤမျှထူးခြားသော လက္ခဏာတော်များ ဖြစ်ပေါ်လာရသည်ကိုမူ ပုဏ္ဏားကြီးမသိပေ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး၌ ၃၂-ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်များနှင့်တကွ ထူးခြားအံ့ဖွယ် ကြည်ညိုဖွယ်ရာများ အဘယ်ကြောင့် ဖြစ်ပေါ်လာရသည်ကို ပေါက္ခရသာတိ ပုဏ္ဏားကြီး သာမဟုတ်။ အခြား မည်သူမျှလည်း မသိခဲ့ကြပေ။ သာဝတ္ထိမြို့သူ မြို့သားများပင် သို့လော သို့လော တွေးတောကာ အုပ်စုဖွဲ့ ပြောဆိုနေကြလေသည်။ ထိုသို့ ပြောဆိုနေကြသော စကားကို အရှင်အနာနန္ဒာက ကြားခဲ့သည့်အတိုင်း ဘုရားရှင်အား လျှောက်ထားလေရာ “မည်သည့်ကောင်းမူ မည်သည့် စိတ်ထားကြောင့် မည်သို့သော ယောက်ျားမြတ်လက္ခဏာတော်များ ဖြစ်ပေါ်ရရှိကြောင်း လက္ခဏသုတ္တန်ကို ဟောကြားတော်မူခဲ့ရသည်။
(၁) ခြေဖ၀ါးလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်သည် မြေ၌ နင်းသောအခါ ရွှေခြေနင်းပမာ ညီညာစွာ ထိသော ဖ၀ါးအပြင် ရှိ၏။
ထိုလက္ခဏာတော်သည် မြတ်စွာဘုရားနှင့် စကြာမင်းတို့၏ သီးခြားလက္ခဏာတစ်ပါး ဖြစ်သည်။ ဘုရားအလောင်းတော်သည် ဘ၀များစွာတို့၌ ပါရမီ ကောင်းမူမှန်သမျှ မတွန့်မဆုတ် မြဲမြံစွာ အားထုတ်တော်မူခဲ့သောကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။
(၂) စက်ဝန်းလက္ခဏာတော်
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်၌ အကန့်တစ်ထောင်၊ အကွပ်၊ ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံသော တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ ထင်ရှားစွာ ဖြစ်ပေါ်လျက်ရှိ၏။
ဘုရားအလောင်းတော်သည် ဒါနပြုလုပ်သောအခါတိုင်း အခြံအရံ ပစ္စည်းများကိုပါ ပြည့်စုံစွာ ပြုလုပ်လှူဒါန်းခဲ့သော ကောင်းမူကြောင့် ဤလက္ခဏာတော်ကို ရရှိတော်မူသည်။
(၃)ဖနောင့်လက္ခဏာတော်
မြတ်စွာဘုရား၌ ရှည်လျားသော ဖနောင့်တော်ရှိ၏။
အလောင်းတော်သည် ဘ၀များစွာ ကာလပတ်လုံး သူ့အသက် သတ်ခြင်းမှ ဝေးစွာရှောင်ကြဉ် စောင့်ထိန်းခဲ့သော ကောင်းမူကြောင့် (၁) ရှည်လျားသောဖနောင့်တော် (၂) ရှည်သွယ်သော လက်ချောင်း (၃) ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်ဟူသော ယောက်ျားမြတ် လက္ခဏာတို့ကို ရရှိတော်မူသည်။

မြတ်စွာဘုရားရှင် ပဋိသန္ဓေနေစဉ် ရှေ့ပြေးနိမိတ်ကြီး(၃၂)ပါးအကြောင်း
အတုမရှိ၊အတူမရှိ အနန္တဥာဏ်တော်ရှင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းတော်ကြီးများသည် ပညာဓိက ဘုရားဆုပန်လျှင်လေးသင်္ချေကမ္ဘာတစ်သိန်းတိတိ(စွန့်ခြင်းငါးပါးနှင့်တကွ ပါရမီတော်(၁၀)ပါး အပြား(၃၀)တို့ကို အတုမရှိဖြည်ကျင့်ဆည်းပူးရလေသည်)။သဒ္ဓါဓိကဘုရားဆုပန်လျှင် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ဝီရိယဓိက ဘုရားဆုပန်လျှင် ဆယ့်ခြောက်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းဖြည့်ကျင့်ဆည်းပူးရပါတယ်။ထို့ကဲ့သို့ဖြည့်ကျင့်ဆည်းပူးတော်မူသောကြောင့် အသဒိသ၊အတုလ၊ဆ,အသာဓာရဏရွှေဥာဏ်တော်ရှင်ဖြစ်တော်မူမည့်ဘဝမှာ ယူဇနာပေါင်း(၂)သိန်း၊(၄)သောင်းရှိသော မြေအထု၊ ယူဇနာပေါင်း(၄)သိန်း၊(၈)သောင်းရှိသော ရေအထု၊
ယူဇနာပေါင်း(၉)သိန်း၊(၆)သောင်းရှိသော လေအထု၊
ယူဇနာပေါင်း(၁)သန်း၊(၉)သိန်း (၂)သောင်းရှိသော မီးအထု
မဟာဘူတဓာတ်ကြီးလေးပါး၏ အဆောက်အဦးဖြစ်သော ဘုံ(၃၁)၊စကြဝဠာ၊ထိုစကြဝဠာတိုက်ပေါင်း(၁၀၀၀၀)ကို
(၁)။ဘုရားလောင်းတော် ပဋိသန္ဓေနေသည်နှင့် မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီးသည် ပျံ့နှံ့၏။
(၂)။ဘုရားလောင်းတော်၏ ဘုန်းအသရေတော်ကို ဖူးမျှော်လိုကြသည့်ပမာ မျက်စေ့နှစ်ကွင်းအလင်းမရသူတို့သည် ထိုခဏ၌ မျက်စိနှစ်ကွင်းအလင်းရ၍ မြင်ကြကုန်၏။
(၃)။နားပင်းကြကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကိုကြားကြရကုန်၏။
(၄)။အ,သဖြင့်၊စကားမပြောနိုင်သူတို့သည်လည်း၊ အ,အပျောက်ကာ စကားပြောနိုင်ကြကုန်၏။
(၅)။ကုန်း၊ကွ၊ကောက်၊ခွင်သောကိုယ်ရှိသော သူတို့သည်လည်း ထိုခဏ၌ ဖြောင့်မတ်သော ကိုယ်ရှိကြကုန်၏။
(၆)။ခြေဆွံ့သောသူ(မသွားလာနိုင်သူ)တို့သည်လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့်ကောင်းစွာသွားလာနိုင်ကြကုန်၏။
(၇)။နှောင်အိမ် အနှောင်အဖွဲ့(ထူး၊ထိတ်၊သံခြေကျဉ်း စသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျှက်နေကြရသောသူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွတ်လွတ်ကြကုန်၏။
(၈)။အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်းအေး၏။
(၉)။ပြိတ္တာဘုံ(ပြိတ္တာလောက)၌ ဆာလောင်ခြင်း၊ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။
(၁၀)။တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတစ်ရာမျှမရှိ။(ဘေးရန်ခပ်သိမ်းတို့မှ လွတ်ငြိမ်းကြရကုန်၏။)
(၁၁)။ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။
(၁၂)။သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နူးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြကုန်၏။
(၁၃)။မြင်းတို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီကြကုန်၏။
(၁၄)။ဆင်တို့သည် ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် မြည်ကြကုန်၏။
(၁၅)။စည်း၊စောင်း၊ညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျက် မိမိတို့အလိုလို မိမိတို့ မြည်မြဲသောအသံကို ရင့်သီကျူးမြည်ကြကုန်၏။
(၁၆)။လူတို့၏ လက်ကောက်၊ခြေကျဉ်းအစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု မထိမခိုက်မိကြပဲလျက် အလိုအလျောက်အသံမြည်ကြကုန်၏။
(၁၇)။အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း၊ရှုမြင်ကွင်းတို့သည် သန့်ရှင်းကြည်လင်ကြကုန်၏။

Subscribe to:
Posts (Atom)